သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-29
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ကယ်ထုတ်နိုင်ရေးအတွက် ဆန္ဒထုတ်ဖော်မှု ဖြစ်မြောက်ရေး ကော်မတီဝင် ဖြစ်တဲ့ ဒေါ်နန်ပူ၊ ဦးလွမ်းဇောင်းနဲ့ ဦးဇော်ဂျတ်တို့ သုံးဦးကို တပ်မတော်ကို အသေရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်းစီကို ဒီဇင်ဘာလ ၇ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။
2019-03-29
တနင်္သာရီတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးသစ်တွေဟာ ပြည်သူတွေရဲ့ လိုအင်ဆန္ဒနဲ့ အခက်အခဲတွေကို ကောင်းစွာသိတဲ့လူတွေဖြစ်တဲ့အတွက် စီမံခန့်ခွဲမှု တာဝန်ယူတဲ့အချိန်မှာ ပြည်သူ့တွေကိုမမေ့ဖို့ မနေ့ကကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက သတိပေးပြောကြားလိုက်ပါတယ်။
2019-03-28
မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာပြေလည်ရေးအတွက် ဝေဖန်နေခြင်းအားဖြင့် ကူညီရာမရောက်နိုင် ပဲ ရင်းနှီးမြှုပ်နှံပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့်သာ သက်သာပျောက်ကင်းစေ မှာဖြစ်တယ်လို့ တရုတ်အစိုးရအာဘော် Global Times သတင်းစာက ရေးသားလိုက်ပါတယ်။
2019-03-28
မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်က အရပ်သားတွေ နေထိုင်ရာဒေသတွေမှာ စစ်ဆင်တိုက်ခိုက်နေတာတွေကို ချက်ခြင်း ရပ်ဆိုင်းခြင်းအားဖြင့် လူထုကို အကာအကွယ်ပေးဖို့ လန်ဒန်အခြေစိုက် BHRN ခေါ် မြန်မာလူ့အခွင့်အရေးကွန်ယက် က ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
2019-03-28
ရခိုင့်တပ်မတော် AA ကို အစိုးရနဲ့ တပ်မတော်က အကြမ်းဖက်အဖြစ်သတ်မှတ်ပြီး ချေမှုန်းဖို့ပြောကြားတာဟာ ငြိမ်းချမ်းရေးအလားအလာကို ထိခိုက်နိုင်တယ်လို့ သုံသပ်တာတွေ ရှိနေပါတယ်။
2019-03-28
မှတ်ပုံတင်ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို မန္တလေးမြို့ Hotel Marvel မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2019-03-28
လာမယ့် ရန်ကုန်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲကို လူထုက စိတ်ဝင်စားမှု နည်းနေသလို တဖက်မှာလည်း မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေ လွဲမှားတာ၊ အမည်မပါဝင်တာတွေ ရှိနေပါတယ်။
2019-03-28
ထိုင်းနိုင်ငံမှာ တရားဝင်စာရင်းဇယားအရ မြန်မာနိုင်ငံသားအလုပ်သမား နှစ်သန်းကျော်ရှိပြီး၊ မှတ်ပုံမတင်ဘဲ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်သန်းနီးပါး ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
2019-03-28
■ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တံတားမဆောက်ရသေးတဲ့ မြစ်တစ်စင်းလို ဖြစ်နေပါတယ်။
2019-03-28
အခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမုကျေးရွာအနီးမှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေဖြစ်တဲ့ SSPP- TNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားတဲ့အတွက် မိုင်းမုကျေးရွာက နေအိမ်နှစ်လုံး လက်နက်ကြီးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။
2019-03-28
ဒီတပတ်အစီအစဉ်မှာ...ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်က RFA ပရိတ်သတ်တွေ ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-03-28
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သီတင်းသုံးတဲ့ ဆရာတော် ဦးစက္ကိန္ဒဟာ ဒေသတွင်းတိုက်ပွဲတွေ အမြန်ဆုံးရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်း တွေ့ဆုံဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်လာရေး တောင်းဆိုပြီး ဒီနေ့မနက် ၉ နာရီက လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။
2019-03-28
မှတ်ပုံတင် ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို မန္တလေးမြို့ Hotel Marvel မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2019-03-28
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA က ခြိမ်းခြောက်ပြီး ငွေကြေးကောက်ခံတာတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
2019-03-28
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K အဖွဲ့က ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးကို တပ်မတော်က မတရားအသင်းအက်ဥပဒေ ၁၇ (၁)နဲ့ ခန္တီးရဲစခန်းမှာ အမှုဖွင့်ပြီး ဖမ်းဆီးထိန်းသိမ်းထားပါတယ်။