ထိုင်းနိုင်ငံမှာ တရားဝင်စာရင်းဇယားအရ မြန်မာနိုင်ငံသားအလုပ်သမား နှစ်သန်းကျော်ရှိပြီး၊ မှတ်ပုံမတင်ဘဲ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်သန်းနီးပါး ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ဒီအလုပ်သမားတွေအရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတယ် ဆိုပေမယ့် မြန်မာအစိုးရဘက်က ပံ့ပိုးကူညီဖို့ အတော်များများ လိုအပ်နေသေးတယ်လို့ ပြောပါတယ်။
ရွှေ့ပြောင်း အလုပ်သမားများ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာဦးထူးချစ်ကို ဝါရှင်တန်ဒီစီမြို့က RFA ရုံးချုပ်မှာ ကိုနေရိန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။