နမ္မတူမြို့နယ်မှာ တပ်မတော်နဲ့ SSPP- TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်
2019.03.28
အခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမုကျေးရွာအနီးမှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေဖြစ်တဲ့ SSPP- TNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားတဲ့အတွက် မိုင်းမုကျေးရွာက နေအိမ်နှစ်လုံး လက်နက်ကြီးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။
ဒီနေ့ မနက်ပိုင်းကလည်း တပ်မတော်ဘက်က ရဟတ်ယာဉ်အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းနဲ့ ကိုထက်အာကာ တို့က တင်ပြထားပါတယ်။