ရင်းနှီးမြှုပ်နှံခြင်းနဲ့သာ ရိုဟင်ဂျာပြဿနာ ကူညီရာကျမယ်လို့ တရုတ်သတင်းစာရေးသား


2019.03.28
kyaukphyu-economy-zone-622.jpg ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တေ့ွရစဉ်
Photo: Min Thein Aung/ RFA

မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာပြေလည်ရေးအတွက် ဝေဖန်နေခြင်းအားဖြင့် ကူညီရာမရောက်နိုင်ပဲ ရင်းနှီးမြှုပ်နှံပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့်သာ သက်သာပျောက်ကင်းစေမှာဖြစ်တယ်လို့ တရုတ်အစိုးရ အာဘော် Global Times သတင်းစာက ရေးသားလိုက်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ထောက်ပြပြီး စိုးရိမ်မှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ ရခိုင်ပြည်နယ်ကို ရှောင်ရှားနေကြကြောင်း အမှန်တကယ်မှာတော့ ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှု များပြားလာရင် ဒေသခံတွေ အနေနဲ့ အလုပ်အကိုင်တွေ ပိုမိုရရှိလာပြီး လူနေမှုအဆင့်အတန်း မြင့်မားလာတာာနဲ့အမျှ ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ တင်းမာမှုတွေ ကွဲပြားမှုတွေလည်း လျှော့နည်းလာမှာဖြစ်တယ်လို့ သတင်းစာက ရေးပါတယ်။

တဆက်တည်းမှာပဲ ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရေးအတွက် တရုတ်ပြည်က အိုးအိမ် တထောင်ကျော် ဆောက်လုပ်ပေးခြင်းနဲ့ ကျပ်ငွေ သန်း ၂ဝဝ ကျော် လှူဒါန်းခြင်းတွေအပြင် ကျောက်ဖြူရေနက် ဆိပ်ကမ်းဖွံ့ဖြိုးရေး အတွက်လည်း ဦးဆောင်ကူညီနေကြောင်း၊ ကျောက်ဖြူစီမံကိန်းကြောင့် ဒေသခံ အများအပြား အလုပ်အကိုင်ရရှိပြီး လျှပ်စစ်ဓါတ်အားပြတ်တောက်မှုလည်း များစွာလျှော့နည်းသွားခဲ့ကြောင်းနဲ့ သူတို့ တရုတ်ပြည်ရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းဟာ တိုင်းရင်းသား ပဋိပက္ခတွေကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်တွေအတွက် အရေးပါ လှကြောင်း စသဖြင့် မနေ့က ထုတ်ဝေတဲ့ တရုတ်အစိုးရ အာဘော် သတင်းစာမှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။