သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-29
ရန်ကုန် သံလျင် သီလဝါဆိပ်ကမ်းမှာ bulk terminal ခေါ် ကုန်တင်သင်္ဘောကြီးတွေ ကုန်တင် ကုန်ချပြုလုပ်နိုင်တဲ့ ဆိပ်ကမ်းတွေအတွက် ရေရှည်အထောက်အပံ့အဖြစ် ကမ္ဘာဘဏ်ရဲ့လုပ်ငန်းခွဲ တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC က အမေရိကန်ဒေါ်လာ ၁၅သန်းကို ကူညီမှာဖြစ်ပါတယ်။ အခုလိုတည်ဆောက်မယ့် bulk terminal ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးဆိပ်ကမ်းလည်း ဖြစ်ပါတယ်။
2018-03-29
စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင်ဒေသက ဝက်မှေးရွာဟောင်းမှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေနဲ့ ရွာမပြောင်းဘူးငြင်းဆန်သူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဝက်မှေးရွာသူ ဒေသခံ မသွဲ့သွဲ့ဝင်းနဲ့ မစန်းလှတို့ကို ဖမ်းဆီးလိုက်ပါတယ်။
2018-03-29
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး လွတ်မြောက်ရေးနဲ့ သူ့ကိုစွဲဆိုထားတဲ့အမှုတွေ များနေတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့် သိစေလိုကြောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မသိင်္ဂီထွန်းက ပြောပါတယ်။
2018-03-29
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျိုက်မရောဘုရားကြီးကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဆရာတော်နဲ့ ဂေါပကအဖွဲ့ဝင်တွေကို စစ်ဆေး၊ ပြောင်းလဲပေးဖို့ စာတင်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဒေသခံ တစ်ထောင်လောက်က ဒီနေ့ ဆန္ဒပြကြပါတယ်။
2018-03-29
မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ FPNCC က နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်နဲ့အတူ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေးအတွက် အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ကြောင်း မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-03-29
တနင်္သာရီတိုင်းဒေသကြီးမှာ အဆိုပြုထားတဲ့ လောညာအမျိုးသားဥယျာဉ်နဲ့ တနင်္သာရီ အမျိုးသား ဥယျာဉ် စီမံကိန်းကို နယ်နိမိတ်သတ်မှတ်မယ်ဆိုရင် အဲဒီသတ်မှတ်ဧရိယာမှာပါနေတဲ့ ဒေသခံတွေ ရဲ့ ဥယျာဉ်ခြံမြေတွေမပါအောင် ကွင်းဆင်းဆောင်ရွက်သွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောပါတယ်။
2018-03-29
တရုတ်နိုင်ငံထဲကို ဝင်ခွင့်စာအုပ်နဲ့ သွားရောက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တရုတ်ရဲတွေ က ဆီးစစ်ပြီး မူးယစ်ဆေး သုံးစွဲတယ်လို့ဆိုကာ ဖမ်းဆီးငွေကြေးတောင်းနေတာတွေကို မြန်မာ အစိုးရက အကာကွယ်ပေးဖို့အတွက် ကချင်ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
2018-03-29
သမ္မတအဖြစ် ဦးဝင်းမြင့် ရွေးချယ်ခံရတာကို ဝမ်းမြောက်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင်းပင် Mr. Xi Jinping က မတ်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့လိုက်ပါတယ်။
2018-03-29
မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေ အပေါ်ဖိနှိပ်ရက်စက်မှုတွေ အတွက် တပ်မတော်မှာတာဝန်ရှိတယ်လို့ အမေရိကန်အခြေစိုက်လူ့အခွင့်အရေးဆောင်ရွက်တဲ့ အဖွဲ့တွေနဲ့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
2018-03-29
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ ၁ဝ ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် မတ်လ ၂၈ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၄ဝ၃ ဦးက မဲပေးရွေးချယ်လိုက်ပါတယ်။
2018-03-29
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ အစိုးရတပ်မတော်က တရားစွဲဆိုထားတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို မတ်လ ၂၈ ရက်နေ့မှာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်တဲ့အပြင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ (၇) နဲ့ ထပ်တိုးအမှုဖွင့်လိုက်ပါတယ်။
2018-03-29
ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ ကနဦးစီမံကိန်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ဆန်းစစ်မှု အစီရင်ခံစာတွေ၊ လူမှုပတ်ဝန်းကျင်ဆန်းစစ်မှု အစီရင်ခံစာတွေနဲ့ ပတ်သက်တဲ့ ပြည်သူ့ကြားနားပွဲကို မတ်လ ၂၈ ရက်နေ့က ထားဝယ်အထူးစီးပွားရေးဇုန် ရှင်းလင်းဆောင်မှာ ပြုလုပ်ခဲ့ပါတယ်။
2018-03-29
မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ဖိနှိပ်ရက်စက်မှုတွေအတွက် တပ်မတော်မှာတာဝန်ရှိတယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေးဆောင်ရွက်တဲ့ အဖွဲ့တွေနဲ့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
2018-03-29
ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ရွေးချယ်လိုက်ပါတယ်။ ဦးဝင်းမြင့် သမ္မတတာဝန်ထမ်းဆောင်တဲ့အခါ တရားဒဥပဒေစိုးမိုးရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးတွေ ပိုမိုမြန်ဆန်လာမယ်လို့ မျှော်လင့်ကြသူတွေရှိနေပါတယ်။
2018-03-28
တနင်္သာရီတိုင်းအတွင်း ဆီအုန်းစိုက်ပျိုးဖို့ လုပ်ပိုင်ခွင့်ရယူထားတဲ့ ကုမ္ပဏီ ၅ ခုဆီက မြေဧက ၂ သိန်းကျော်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြန်လည်သိမ်းယူဖို့ စီစဉ်နေပါတယ်။