တနင်္သာရီတိုင်းက ဆီအုန်းစိုက်ပျိုးဖို့ ယူထားတဲ့မြေတွေကို ပြန်သိမ်းဖို့ စီစဉ်


2018.03.28

တနင်္သာရီတိုင်းအတွင်း ဆီအုန်းစိုက်ပျိုးဖို့ လုပ်ပိုင်ခွင့်ရယူထားတဲ့ ကုမ္ပဏီ ၅ ခုဆီက မြေဧက ၂ သိန်းကျော်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြန်လည်သိမ်းယူဖို့ စီစဉ်နေပါတယ်။

ပြန်သိမ်းယူမယ့် မြေဧရိယာ အတိအကျကို နောက်တစ်လအကြာမှာ သိရမယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် တနင်္သာရီတိုင်းဒေသကြီး ညွန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းက ပြောပါတယ်။

ဒေါက်တာ ထွန်းထွန်းကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။