သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-29
ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေးက ပလက်ဖောင်းမှာ သပိတ်စခန်းဖွင့်ဆန္ဒပြနေတဲ့ မိချောင်းကန်ရပ်ကွက်သားတွေကိစ္စနဲ့ပတ်သက်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ မနေနွယ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။
2014-03-29
စစ်တပ်ပိုင်မြေဆိုပြီး ဖယ်ရှားခံရတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးလေးရွာက မိသားစုတွေကို မင်းကုန်းကျေးရွာအုပ်စု ဝါးယားကုန်းရွာ နေရာချထားပေးလို့ မနေ့က ရောက်ရှိသွားကြပါတယ်။
2014-03-29
ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ က မြန်မာ၊ မြောက်ကိုးရီးယားနဲ့ အီရန်နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေရဲ့ သက်တမ်းကို နောက်ထပ် တစ်နှစ်တိုးလိုက်ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။
2014-03-28
စစ်တပ်က အိမ်ခြံမြေသိမ်းတာခံထားရတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိချောင်း ကန် ရပ်ကွက်သူရပ်ကွက်သားတွေ ဟာ နောက်တစ်ကြိမ် ဆန္ဒပြနေတာ ၅ ရက်မြောက်ပြီ ဖြစ် ပါတယ်။
2014-03-28
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ သာမန်ပြည်သူတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍ ရှိရမယ်လို့ မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ The Elders ခေါ် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ က မနေ့က မတ်လ ၂၈ ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2014-03-28
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက်မှာ တရားဥပဒေစိုးမိုးမှု ရှိလာစေဖို့ ဆိုပြီး ရပ်ကွက်နေ လူပုဂ္ဂိုလ်နှစ်ရာလောက် က ဒီနေ့ညနေပိုင်းက ဆန္ဒပြတောင်းဆိုကြပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ ညက ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက်မှာ လူငယ် ၂ ဦး မတော်တဆဖြစ်ရာက လူသတ်မှုအထိ ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။
2014-03-28
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး နဲ့ ဖြူးမြို့နယ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးပေး ရာမှာ တစ်မြို့နယ်နဲ့ တစ်မြို့နယ် ပေးတဲ့လျော်ကြေး မတူတာကြောင့် ဒီနေ့ ဖြူးမြို့နယ်က လယ်သမား ၁၅၀ လောက်က လျော်ကြေးမထုတ်ကြဘူးလို့ ပြောပါတယ်။
2014-03-28
ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ မိုးညှင်းမြိုခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဒေသခံတွေပူးပေါင်းပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-03-28
အစိုးရက လျှပ်စစ်မီတာခ စတင်ပြီး တိုးမြင့်ကောက်ခံတော့မယ်လို့ ကြေညာ ထားတာကို ပြန်ရုပ်သိမ်းပေးဖို့ မန္တလေးမြို့ မှာ မနေ့က ဆန္ဒပြခဲ့သူ နှစ်ဦးနဲ့ လာရောက်အားပေးသူ နှစ် ဦးကို ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့က ပုဒ်မ ၁၈ နဲ့ ဒီကနေ့ တရားစွဲဆိုလိုက်ပါတယ်။
2014-03-28
ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီးတောင် ရပ်ကွက်မှာ ရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Program WFP ပစ္စည်းသိုလှောင်ရုံကို မနေ့ညနေပိုင်းက လူအုပ်စုက ဝင်ရောက်ဖျက်ဆီးဖို့ ကြိုးပမ်းစဉ် ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ဖောက်ပြီး လူစုခွဲခဲ့ရာမှာ မျက်နှာချင်းဆိုင်နေအိမ်က အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး သေနတ်ကျည် ထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။
2014-03-28
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက မဟာချိုင်မြို့မှာရှိတဲ့ ပုဇွန်စက်ရုံမှာ လူပွဲစားတွေကတဆင့် အရောင်းစားခံ ထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ကျော်ကို ထိုင်းအစိုးရ လူကုန်ကူးမှှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ ပူးပေါင်းပြီး မတ်လ ၂၇ ရက်နေ့ မနေ့နေ့လည်ပိုင်းက ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
2014-03-28
ဒီနှစ်ကျင်းပမယ့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအပါအဝင် ၂၀၁၅ ရွေးကောက်ပွဲကိုပါ ပါဝင်ယှဉ်ပြိုင် သွားမှာ ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ ပါတီနှစ်ပတ်လည် မြို့နယ်စုံညီအစည်းအဝေးမှာ ဆုံးဖြတ်လိုက်ကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူ တင်ပြထားပါတယ်။
2014-03-28
ရခိုင်ပြည်နယ်က ဒေသတချို့ကို ဘင်္ဂလားဒေ့ရှ့်နိုင်ငံထဲ ထည့်သွင်းဖို့ ရေးသားထားတဲ့ Dhaka Tribune သတင်းစာပါဆောင်းပါးကို ကန့်ကွက်တဲ့ဆန္ဒပြပွဲတွေ မနေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပြီးနောက် ဒီကနေ့ မန္တလေးမြို့မှာလည်း ဆက်လက်ပြုလုပ်ကြပါတယ်။ ဒီအကြောင်းနဲ့ပါတ်သက်ပြီး အာအက်အေ အဖွဲ့သား-ဦးတင်အောင်ခိုင်- က တင်ဆက်ထားပါတယ်။
2014-03-28
မတ်လ ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားအပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ တစ်ခု ကျင်းပခဲ့ပါတယ်။ RFA အဖွဲ့သူ မခက်မာက တင်ပြထားပါတယ်။
2014-03-28
ဧပြီလ ၁ ရက်နေ့မှာ အစိုးရက လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာထား တဲ့အတွက် မနေ့ညက ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်း က တင်ပြထားပါတယ်။