သမီးကလေးရွာသားတွေ နေရာ သစ်ကို လက်မခံ
2014.03.29

photo: Ko Nay Myo Zin's Facebook
စစ်တပ်ပိုင်မြေဆိုပြီး ဖယ်ရှားခံရတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးလေးရွာက မိသားစုတွေကို မင်းကုန်းကျေးရွာအုပ်စု ဝါးယားကုန်းရွာနေရာ ချထားပေးလို့ မနေ့က ရောက်ရှိသွားကြပါတယ်။
ဒါပေမဲ့ ခံဝန်လက်မှတ်ရေးထိုးရမယ့်နေရာမှာ လွတ်လပ်တဲ့ သဘောဆန္ဒအတိုင်းမဟုတ်တဲ့အတွက် ချထားပေးတဲ့ ရွာကနေ ဒီနေ့ပြန်လည်ထွက်ခွာကြ ပါမယ်။
ရွာသူရွာသားတွေဟာ သူတို့ကို ခိုလှုံခွင့်ပေး ခဲ့တဲ့ ပဲခူးတိုင်း အလိုင်နီကျေးရွာက အောင်သိဒ္ဓိကျောင်း တိုက်ကိုပဲ ပြန်လည်ထွက်ခွာကြမယ်လို့ ကျောင်းတိုက် ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားပါတယ်။