ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သက်တမ်းတိုးမြှင့်
2014.03.29

UN Photo/Jean-Marc Ferré
ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီက မြန်မာ၊ မြောက် ကိုးရီးယားနဲ့ အီရန်နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေရဲ့ သက်တမ်းကို နောက်ထပ် တစ်နှစ် တိုးလိုက်ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကို စိုးရိမ်ကြောင်း ထပ်မံပြောဆိုလိုက်ပြီး အဲဒီဒေသ မှာ ဖြစ်ပါွးနေတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကို မြန်မာ အစိုးရအနေနဲ့ စုံစမ်းဖေါ်ထုတ် အရေးယူဖို့လည်း မနေ့ကကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ အစည်းအဝေးက ဆုံးဖြတ်တိုက်တွန်းလိုက်ပါတယ်။