မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေမှာ သာမန်ပြည်သူတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍ ရှိရမယ်လို့ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ The Elders ခေါ် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ က မနေ့က မတ်လ ၂၈ ရက်စွဲနဲ့ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ ဆယ်စုနှစ်ပေါင်းများစွာ ယုံကြည်မှုပျက်ယွင်းခဲ့တာကို ပြန်လည်ပြုပြင် တည့်မတ်ဖို့ အပြင်၊ လူမျိုးပေါင်းစုံ မြန်မာပြည်သူတွေရဲ့ ညီညွတ်ပေါင်းစည်းမှုနဲ့စွမ်းအားကို ထင်ဟတ်ပေါ် လွင်စေဖို့အတွက် လူတိုင်းပါဝင်တဲ့ကြိုးပမ်းရုန်းကန် မှုဖြစ်အောင် မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ဖို့ The Elders အဖွဲ့အနေနဲ့ တိုက်တွန်းတယ်လို့ဆိုပါတယ်။
အဲဒီလို တခေါင်းတဉာဏ်အနေနဲ့ လူများများပါဝင်လေ တိုင်းပြည်အတွက်အကျိုးရှိလေလို့ The Elders အဖွဲ့ဝင် နော်ဝေဝန်ကြီးချုပ်ဟောင်း ဂရိုဟာလမ်း ဘရန်ထလန် (Gro Harlem Bruntland) နဲ့ ဖင်လန်နိုင်ငံ သမ္မတဟောင်း မာတီ အာတစ်ဆရီ (Martti Ahtissari) တို့က မြန်မာနိုင်ငံခရီးစဉ်အပြီး မှာ ပြောလိုက်ပါတယ်။
The Elders အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က ဒေါက်တာစင်သီယာမောင်ရဲ့ ဆေးခန်း အပါအဝင် စာသင်ကျောင်းတွေ၊ ဒုက္ခသည်စခန်းတွေနဲ့ မြန်မာ့ဒီမိုကရေစီရေးဆောင်ရွက်တဲ့အဖွဲ့ တွေရှိတဲ့ ချင်းမိုင်မြို့ကိုလဲ သွားရောက်လေ့လာခဲ့ပါတယ်။ နယ်စပ်ကအခြေအနေနဲ့ ပတ်သက်လို့ ဖင်လန်နိုင်ငံ သမ္မတဟောင်း မာတီ အာတစ်ဆရီ မှတ်ချက်ပေးပြောဆိုရာမှာတော့ ပြည်တွင်းစစ် ကြောင့် ထွက်ပြေးလာရသူတွေရဲ့ အခက်အခဲတွေကို ကိုယ်တိုင်သိခဲ့ရသလို သူတို့ရဲ့တိတ်ဆိတ်နေတဲ့ အသံနဲ့ မျှော်လင့်ချက်တွေလဲသိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီမြန်မာနိုင်ငံသားတွေဟာ ဒုက္ခတွေကြားထဲကပဲ နိုင်ငံတကာရဲ့ အကူအညီနဲ့ သန့်ရှင်းကောင်းမွန်တဲ့ဆေးခန်းနဲ့ စာသင်ကျောင်း တွေတည်ဆောက်ထားနိုင်တာ တအံတသြတွေ့ရတယ်လို့ ဆိုပါတယ်။
ပြည်တွင်းရောပြည်ပမှာပါ မြန်မာပြည်သူတွေဟာအခက်အခဲတွေကြားကရုန်းကန်ရှင်သန်နိုင်ခဲ့တဲ့ ဒီလိုစွမ်း ပကားတွေဟာ ပြည်တွင်းငြိမ်းချမ်းရေးရပြီး အဓွန့်ရှည်အောင ်တည်ဆောက်ဖို့အတွက် အခြေခံကောင်းတွေ ဖြစ် သလို၊ နိုင်ငံတကာအသိုင်းအဝိုင်းကလဲ ဒါကို ကူညီထောက်ပံ့ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။သူတို့ရဲ့ခရီးစဉ် အတွင်း သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့နဲ့ တွေ့ဆုံခဲ့ပြီး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေ၊ သန်ခေါင်စာရင်းကောက်ဖို့ လုပ်ဆောင်နေမှုနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခက်အခဲတွေ ဆွေးနွေးခဲ့ကြ တယ်လို့ ဆိုပါတယ်။
လို့ ပြောပါတယ်။သူတို့ရဲ့ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့နဲ့ တွေ့ဆုံခဲ့ပြီး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေ၊ သန်ခေါင်စာရင်းကောက်ဖို့ လုပ်ဆောင်နေမှုနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခက်အခဲတွေ ဆွေးနွေးခဲ့ကြ တယ်လို့ ဆိုပါတယ်။