သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-29
လုံခြုံမှုမရှိတဲ့အခြေအနေမှာပဲ မွန်ပြည်နယ်မှာ လာမယ့်ပွင့်လင်းရာသီမှာ ဇာတ်သဘင်လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ပြင်ဆင်နေကြပါတယ်။
2022-10-29
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ကရစ်တန် ဘရင့်က မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက် တိုးတက်မှုမရှိတဲ့အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပေမယ့် ဒါဟာ အာဆီယံအပေါ် အပြစ်တင်တဲ့သဘော မဟုတ်ကြောင်းလည်း ပြောသွားပါတယ်။
2022-10-29
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးရေးနဲ့ ပတ်သက်လို့ NUG က တောင်းဆိုထားတဲ့ အားလုံးပါဝင်ရေး ဖိုရမ်ကျင်းပရေးအတွက်ကို ထည့်သွင်းစဉ်းစားဖို့လည်း မလေးရှားက အကြံပြုခဲ့ပါတယ်။
2022-10-29
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ အများဆုံးဖြစ်ပြီး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ခုနစ်ကျောင်း၊ ဘုရားငါးဆူနဲ့ ဗလီသုံးလုံးမှာ တပ်စွဲထားတယ်လို့ ICJ ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
2022-10-29
မြန်မာစစ်တပ်ဟာ လေကြောင်းကနေ နေ့ရောညပါ အချိန်မရွေး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လူရာနဲ့ချီ သေဆုံးဒဏ်ရာ ရခဲ့တယ်လို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ဆီ ပို့တဲ့စာထဲမှာ ရေးထားပါတယ်။
2022-10-29
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတရာထူးကို မျှော်မှန်းထားကြောင်း သတင်းရရှိတယ်လို့ Nikkei Asia သတင်းက ဒီကနေ့ ဖော်ပြပါတယ်။
2022-10-29
ယင်းမာပင်မြို့နယ်မှာ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ၂၇ ရက်နေ့အတွင်း စစ်ကောင်စီတပ်က လေကြောင်းရော၊ မြေပြင်ကပါ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ စုစုပေါင်း ၂၇ ဦး သေဆုံးခဲ့ပါတယ်။
2022-10-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် စီမံဘဏ္ဍာဝန်ကြီး တာဝန်ယူခဲ့သူ အသက် ၈၄ နှစ်အရွယ် ဦးစိုးဝင်းဟာ အောက်တိုဘာလ ၂၈ ရက် မနေ့က ရမည်းသင်း အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ ဦးစိုးဝင်းနဲ့ နီးစပ်တဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
2022-10-29
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တို့ နေပြည်တော်မှာ မနေ့က တွေ့ဆုံဆွေးနွေးမှု အောင်မြင်မှုတချို့ ရခဲ့တယ်လို့ နိုင်ငံရေးပါတီအစုအဖွဲ့ ခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
2022-10-29
ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုပ်ခလစာတွေ ပြည်တွင်းထဲ ပြန်လွှဲပြောင်းတဲ့အခါ သတ်မှတ်ငွေလဲလှယ်နှုန်းထက် ငွေ ၃၀ ကျပ် အပိုပေးမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အောက်တိုဘာ ၂၈ ရက် မနေ့က ကြေညာပါတယ်။
2022-10-29
မကွေးတိုင်း၊ ရေစကြိုမြို့နယ် စိုင်သေရွာနဲ့ သံပြာချောင်းရွာတွေကို အောက်တိုဘာလ ၂၉ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်တစ်ရာခန့် ပျက်စီးခဲ့ပြီး ဒေသခံနှစ်ထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-10-29
ကချင်ပြည်နယ်၊ ဖားကန့်မြို့အခြေစိုက် အလွတ်သတင်းထောက် ကိုဇော်ဝင်းမောင်ဟာ အောက်တိုဘာ ၂၈ ရက် မနေ့မှာ မိုးညှင်းအကျဉ်းထောင်ကနေ ပြန်လွတ်လာတယ်လို့ ဖားကန့်မြို့ခံတွေက RFA ကို ပြောပါတယ်။
2022-10-28
မြန်မာစစ်တပ်ဟာ ဂျက်တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေ အကူအညီနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ချေမှုန်းဖို့ ကြိုးစားနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
2022-10-28
ဒုက္ခသည်တွေတိုးလာပေမယ့် နိုင်ငံတကာ အကူအညီတွေ ထပ်တိုးမရတာကြောင့် သူတို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ကရင်အဖွဲ့အစည်းတွေ စုပေါင်းပြီး အောက်တိုဘာ ၂၇ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
2022-10-28
NUG ရဲ့ အမိန့်ပေးကွပ်ကဲမှုတစ်ခုထဲအောက်ကနေ တိုက်ပွဲအတူဝင်နိုင်ဖို့အတွက် အခြားဒေသတွင်း တော်လှန် ရေးအဖွဲ့တွေ အကုန်လုံးနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိတယ်လို့ ပြောပါတယ်။