ဘာသာရေးအဆောက်အဦပေါင်း ၄ဝ ကျော်မှာ စစ်တပ်စခန်းချထား

2022.10.29
ဘာသာရေးအဆောက်အဦပေါင်း ၄ဝ ကျော်မှာ စစ်တပ်စခန်းချထား သီတင်းကျွတ်လပြည့်နေ့က ရန်ကုန်မြို့မှာ မြင်တွေ့ရသည့် စစ်ကောင်စီတပ်သားတစ်ဦး။
Photo: AFP

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေဟာ ဘာသာရေးအဆောက်အဦတွေထဲမှာ စခန်းချတပ်စွဲထားတယ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်(ICJ) ရဲ့ အစီရင်ခံစာမှာ ထောက်ပြလိုက်ပါတယ်။

အာဏာသိမ်းလိုက်တဲ့နေ့ကစလို့ ပြီးခဲ့တဲ့ မေလအထိ စောင့်ကြည့်ခဲ့ရာမှာ ပြည်နယ် ၁၂ ပြည်နယ်က ဘာသာရေးပုရဝဏ်ပေါင်း ၄၂ နေရာမှာ စခန်းချတပ်စွဲထားတာလို့ ဆိုပါတယ်။

မြန်မာစစ်တပ် တာဝန်ရှိသူတွေကတော့ စစ်တပ်အနေနဲ့ ဘာသာရေးအဆောက်အဦတွေမှာ စခန်းချ အကာအကွယ်ယူပြီး တိုက်ခိုက်တာမရှိဘူးလို့ ငြင်းဆိုနေပါတယ်။

312985205_1333742073697270_8091933721331994747_n.jpg

ICJ ရဲ့ အစီရင်ခံစာအရ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ အစ္စလာမ်ဗလီကျောင်းတွေမှာ တပ်စွဲထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ အများဆုံးဖြစ်ပြီး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ခုနစ်ကျောင်း၊ ဘုရားငါးဆူနဲ့ ဗလီသုံးလုံးမှာ တပ်စွဲထားတယ်လို့ ဖော်ပြပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေဟာ ခရစ်ယာန်ဘုရားကျောင်း ၅၅ ကျောင်း၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၃၂ ကျောင်းနဲ့ အစ္စလာမ်ဗလီကျောင်း ၅ ကျောင်း စုစုပေါင်း ၉၂ ကျောင်းကို ဖျက်ဆီးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်(ICJ) ရဲ့ အစီရင်ခံစာမှ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။