သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-10-27
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြို့တော်မှာ အခြေစိုက်တဲ့ Freedom House အဖွဲ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို Freedom Award လွတ်မြောက်ရေး မီးရှူးတန်ဆောင်ဆု ချီးမြှင့်ခဲ့ပါတယ်။
2011-10-27
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေးဟာ မုချမသွေ ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ RFA ကိုဒီကနေ့ ပြောဆိုလိုက် ပါတယ်။
2011-10-26
ရခိုင်ပြည်နယ် ကျောက်ဖြူဒေသကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းဖို့ ဆောင်ရွက်နေတဲ့ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် မြေယာအသိမ်းခံရမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေကြောင်း ဒေသခံတွေနဲ့ လေ့လာသူတွေက ပြောပါတယ်။
2011-10-26
ပြည်မြို့က အသက် (၁၄) နှစ် အရွယ် ကလေးစစ်သား အဓမ္မ စုဆောင်းခံရတဲ့ အမှုကို HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက် အကူအညီနဲ့ ရန်ကုန်မြို့ အိုင်အယ်လ်အို နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ တိုင်ကြားလိုက်တယ်လို့ သိရပါတယ်။
2011-10-26
ဂျပန် အစိုးရက မြန်မာနိုင်ငံကို နိုင်ငံရပ်ခြား စီးပွားရေး အကူအညီ ODA တွေ ပြန်ပေးဖို့ ပြင်ဆင် နေချိန်မှာ ဂျပန် တာဝန်ရှိသူ တချို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းဝင်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2011-10-26
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြု အဖွဲ့အနေနဲ့ မကွေးတိုင်းအတွင်းက ရေဘေးသင့် ဒုက္ခသည်တွေကို ဒီကနေ့ ဆန် နဲ့ အလှူငွေတွေ ထောက်ပံ့နေပါတယ်။
2011-10-25
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အစပျိုး အပြောင်းအလဲတွေ မြင်တွေ့ရစ ပြုလာပြီလို့ ဆိုနိုင်ပေမဲ့၊ ပြောင်းလဲမှု အဆင့်တိုင်းမှာ လူငယ်တွေနဲ့ အမျိုးသမီးတွေ ပါဝင်ခွင့်ရှိရေးဟာ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး အတွက် အထူးအရေးကြီးကြောင်း မြန်မာနိုင်ငံကို (၈) ရက်ကြာ လေ့လာခဲ့တဲ့ အော်စကာဆုရ ဗြိတိန် နိုင်ငံသူ ရုပ်ရှင်မင်းသမီး Emma Thompson က ပြောလိုက်ပါတယ်။
2011-10-25
အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံရေးလောကမှာ သြဇာကြီးမားတဲ့ ဝါရှင်တန် ဒီစီမြို့တော် အခြေစိုက် Freedom House အဖွဲ့ကြီးက ၁၅ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် ချီးမြှင့်တဲ့ (Freedom Award) ခေါ် လွတ်မြောက်ရေးဆုကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ချီးမြှင့်လိုက်တယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။
2011-10-25
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် Ann Arbor မြို့မှာရှိတဲ့ နာမည်ကျော် Michigan တက္ကသိုလ်က Wallenberg ဆု ချီးမြှင့်လိုက်ပါတယ်။
2011-10-25
ပြည်နယ်တိုင်း အသီးသီးက လယ်သမားအရေး ဆောင်ရွက်နေသူတွေ ဦးဆောင်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမားများအဖွဲ့ကို ဒီကနေ့ စတင်ဖွဲ့စည်း ထူထောင်လိုက်ကြောင်း သိရပါတယ်။
2011-10-25
နိုင်ငံကျော် ဟာသ သရုပ်ဆောင် ကိုဇာဂနာဟာ ပြည်မြို့ ဝန်းကျင်မှာရှိတဲ့ သာယာဝတီ၊ ပေါင်းတည် နဲ့ ပြည် အကျဉ်းထောင် (၃) ခုကို မနေ့တုန်းက သွားရောက်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို ငွေကြေးနဲ့ အစားအသောက် ပစ္စည်းတချို့ ဝေငှ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
2011-10-25
ပခုက္ကူမြို့နားက ရေတိုက်စားခံရလို့ လူအသေအပျောက် ဖြစ်ခဲ့တဲ့ ရွှေချောင်းတလျှောက်က ရေဘေးဒုက္ခသည်တွေကို သမ္မတဦးသိန်းစိန်ကိုယ်တိုင် ဒီကနေ့ လာရောက်ကြည့်ရှုပြီး တစ်အိမ်ထောင် ကျပ်ငွေ (၅) သောင်းစီ လှူဒါန်းသွားပေမယ့် ဒုက္ခသည်တွေ နေရေးထိုင်ရေးအတွက် အရေးပေါ် နေစရာ အိမ်တွေနဲ့ ဆေးဝါးတွေ လိုအပ်နေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
2011-10-25
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Derek Mitchell နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ဒီကနေ့ နေ့လည်က ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် ဒုတိယ သံမှူးကြီးရဲ့နေအိမ်မှာ အချိန် ၁ နာရီခွဲကျော်ကြာ တွေ့ဆုံခဲ့ပါတယ်။
2011-10-24
အိန္ဒိယ မြန်မာနယ်စပ်က နှစ်ဖက် နိုင်ငံသားတွေ ဗီဇာမလိုပဲ နယ်စပ်ကို ဖြတ်ကျော်ပြီး အတွင်းပိုင်း (၁၀) မိုင်အထိ တစ်ပတ်ကြာ နေထိုင်ခွင့်ပေးဖို့ နှစ်နိုင်ငံ အာဏာပိုင်တွေက သဘောတူညီကြတယ်လို့ The Economic Times သတင်းစာမှာ မနေ့က ဖော်ပြပါတယ်။
2011-10-24
ကနေဒါနိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းအခြေစိုက် တိုင်းရင်းသား လူငယ် ခေါင်းဆောင် နှစ်ဦးဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိူးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကနေဒါ အစိုးရ အပါအဝင် လူမှု အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့တွေ့ဆုံ တင်ပြနေပါတယ်။