အိန္ဒိယ မြန်မာနယ်စပ် ဗီဇာ လိုအပ်ချက် လျှော့ပေါ့

အိန္ဒိယ မြန်မာနယ်စပ်က နှစ်ဖက် နိုင်ငံသားတွေ ဗီဇာမလိုပဲ နယ်စပ်ကို ဖြတ်ကျော်ပြီး အတွင်းပိုင်း (၁၀) မိုင်အထိ တစ်ပတ်ကြာ နေထိုင်ခွင့်ပေးဖို့ နှစ်နိုင်ငံ အာဏာပိုင်တွေက သဘောတူညီကြတယ်လို့ The Economic Times သတင်းစာမှာ မနေ့က ဖော်ပြပါတယ်။

2011.10.24

အိန္ဒိယဘက်က မီဇိုရမ်း ပြည်နယ် ကျန်ဖိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ နဲ့ ချင်းပြည်နယ် ဖလမ်းမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးတို့ ဖလမ်းမြို့မှာ ပြီးခဲ့တဲ့ စနေနေ့က တွေ့ဆုံ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

မီဇိုရမ်းပြည်နယ်မှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေကတော့ အရင်ကတည်းက မီဇိုရမ်း ပြည်နယ်ဘက်ကို လွတ်လွတ်လပ်လပ် သွားလာနေကြတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

အိန္ဒိယနဲ့ မြန်မာနိုင်ငံ နယ်နမိတ်ဟာ ထူထဲတဲ့ သစ်တောတွေ၊ တောင်တန်းတွေ နဲ့ မိုင်တစ်ထောင်ကျော် အရှည်ရှိပါတယ်။ မီဇိုရမ်းပြည်နယ် နဲ့ ချင်းပြည်နယ် နယ်စပ် အပါအဝင် မဏိပူ ပြည်နယ် မိုးရေးမြို့ နဲ့ စစ်ကိုင်းတိုင်း တမူးမြို့ တို့ကို နယ်စပ် ကုန်သွယ်ရေးတွေ ဖွင့်လှစ်ထားကြပေမဲ့ မှောင်ခို အရောင်းအဝယ် ကသာ အဓိက ကျနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။