သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-29
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ်ကို သင့်တော်တဲ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဆက်လက်ဆွေးနွေးဖို့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2019-01-29
NLD ပါတီက ၂ဝ၁၅ ရွေးကောက်ပွဲကာလက ပြည်သူတွေကို ပေးထားခဲ့တဲ့ ကတိကဝတ်အတိုင်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ လွှတ်တော်အတွင်း လှုပ်ရှားဆောင်ရွက်မှုတွေ ဒီနေ့ စတင်လာပါတယ်။
2019-01-29
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာက ဒေသခံရွာသားတွေကို အစိုးရတပ်မတော်က ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတာကြောင့် ရွာမှာရှိတဲ့ ရွာသားအားလုံးနီးပါး ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-01-29
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိမယ့်အစီအစဉ်နဲ့ ပတ်သက်လို့ ကန့်ကွက်မှုတွေရှိနေတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဒီနေ့နေ့လယ်ပိုင်းက ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေး ရုပ်တု စိုက်ထူလိုက်ပြီဖြစ်ပါတယ်။
2019-01-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံတာဟာ နိုင်ငံရေးလုပ်ကြံမှုဖြစ်ပြီး NLD ရဲ့ နိုင်ငံရေးလမ်းကြောင်းကို ပျက်ပြားအောင် လုပ်ဆောင်တာဖြစ်ကြောင်း NLD ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင် က ပြောလိုက်ပါတယ်။
2019-01-29
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို လက်ရှိအစိုးရအနေနဲ့ မလုပ်စေချင်ဘူးလို့ ဝန်ကြီးဟောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်း က ဒီနေ့ ပြောပါတယ်။
2019-01-29
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်တော်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံး မတ်တပ်ရပ် ကန့်ကွက်ပေမယ့် မဲခွဲပြီး ဆက်လက်ဆွေးနွေးဖို့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2019-01-29
လျှပ်စစ်ဓာတ်အား သုံးစွဲမှုအတွက် အစိုးရက ငွေကြေးအမြောက်အများ စိုက်ထုတ် သုံးစွဲနေရတာကြောင့် လက်ရှိတစ်ယူနစ်ကို ၃၅ ကျပ်နှုန်း ပေးနေရတာနဲ့ ပတ်သက်လို့ ဆွေးနွေးအဖြေရှာနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ပြောပါတယ်။
2019-01-29
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့ဖြစ်စဉ်အတွင်း လက်နက်ကြီးအစတွေမှန်ပြီး ဦးခေါင်းမှာ ဒဏ်ရာရသွားတဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးဟာ မနေ့က သေဆုံးသွားပါတယ်။
2019-01-29
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ နိုင်ငံရေးပါတီအသစ်ကို တစ်ပတ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်သွားမယ်လို့ ပါတီမှာပါဝင်မယ့် ဦးဝင်းဦး က RFA ကို ပြောပါတယ်။
2019-01-29
ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ ပြည်နယ်လွှတ်တော် မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်သွားပါတယ်။
2019-01-29
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းတွေကို စောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်တော်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းဖို့ရှိကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့ပါတယ်။
2019-01-29
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Henrietta H. Fore ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့က ဒုက္ခသည်စခန်းအချို့မှာရှိနေတဲ့ ကလေးတွေရဲ့ အခြေအနေတွေ ကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
2019-01-28
၂ဝ၁၅ ရွေးကောက်ပွဲ ကတိကဝတ်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ဒီနေ့ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဆိုကို တင်သွင်းမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ပြောဆိုခဲ့ပါတယ်။
2019-01-28
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ အခြေခံပညာအထက်တန်းအောင်ပြီး တက္ကသိုလ်ဆက်တက်ခွင့်မရတဲ့ မွတ်စလင်လူငယ် အယောက် ၈ဝ ကျော်ဟာ တက္ကသိုလ် ဆက်တက်ခွင့်မရဘူးလို့ သတင်းရရှိပါတယ်။