၂ဝ၁၅ ရွေးကောက်ပွဲ ကတိကဝတ်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ဒီနေ့ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဆိုကို တင်သွင်းမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောဆိုခဲ့ပါတယ်။
မနေ့က စည်ပင်ဧည့်ရိပ်သာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီးချူပ် တချို့တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။ အသေးစိတ်ကိုတော့ မပြောဆိုပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြီးတန်းပုဂ္ဂိုလ်တွေကို RFA က ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းမကိုင်ကြပါဘူး။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအဆို တင်သွင်းမယ့် ကိစ္စအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ စီပွားရေးအကြံပေးပုဂ္ဂိုလ်ဟောင်း ဦးမင်းခင်ကတော့…ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အဆိုတင်မယ့်အမတ်နဲ့ ထောက်ခံပြောဆိုမယ့်အမတ်တွေကိုလည်း ရွေးချယ်ထားပြီးဖြစ်ကြောင်း ကြားသိရတယ်လို့ ဆိုပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ညှိနှိုင်းခဲ့ပုံရကြောင်း၊ ဘယ်အချက်တွေကို စစ်တပ်က အပြင်ခံမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ကြောင်းလည်း ပြောပါတယ်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးအဆိုကို ပြီးခဲ့တဲ့အစိုးရလက်ထက်ကလည်း တင်သွင်းခဲ့ပြီး အချက်အနည်းငယ်ကိုပဲ ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်က သဘောတူညီခဲ့ပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး NLD အဆိုတင်သွင်းမည်
