သူရဦးရွှေမန်း ဦးဆောင်တဲ့ ပါတီ မှတ်ပုံတင်မည်
2019.01.29
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ နိုင်ငံရေးပါတီအသစ်ကို တစ်ပတ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်သွားမယ်လို့ ပါတီမှာပါဝင်မယ့် ဦးဝင်းဦး က RFA ကို ပြောပါတယ်။
ဒီပါတီသစ်မှာ သူရဦးရွှေမန်းက ဦးဆောင်မှာဖြစ်ပြီး စစ်ဘက်ကနေ အငြိမ်းစားယူထားပြီး ပြီးခဲ့တဲ့ လွှတ်တော်မှာ ပါခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်အဟောင်းတွေနဲ့ အရပ်သားတွေပါဝင်မယ်လို့ သိရပါတယ်။
ပါတီသစ်ကို ပြည်ထောင်စုပါတီ၊ ပြည်သူ့အရေးပါတီ၊ အမျိုးသားအကျိုးစီးပွားပါတီနဲ့ နိုင်ငံသားအရေးပါတီဆိုပြီး နာမည်လေးမျိုး နဲ့လျာထားပြီး ရွေးကောက်ပွဲကော်မရှင်ကို တင်သွားမယ်လို့သိရပါတယ်။