သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-06
မြန်မာ့တပ်မတော် သို့မဟုတ် တပ်မတော်က ပိုင်ဆိုင်ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေက ရေးသားနေတဲ့ Facebook ဖေ့စ်ဘွတ် စာမျက်နှာ ၂၅ ခုကျော်ကို ဖယ်ရှားပေးဖို့ လန်ဒန်အခြေစိုက် Burma Campaign UK မြန်မာပြည်အရေး လှုပ်ရှားမှုအဖွဲ့က ဖေ့စ်ဘွတ်ကုမ္ပဏီကို ဒီကနေ့ ဇွန်လ ငါးရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
2019-06-06
တိုင်းပြည်ရဲ့ လက်ရှိအခြေအနေ အဖက်ဖက်က ယိုယွင်းကျဆင်းနေတယ်ဆိုပြီး ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မိတ်ဖက်နိုင်ငံရေးပါတီ ၂၃ ခုက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ထံ မေလ ၃၀ ရက်နေ့ က စာတစ်စောင် ပေးပို့ထားပေမယ့် အကြောင်းပြန်ကြားတာမရှိဘူးလို့ သိရပါတယ်။
2019-06-05
တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို မရမ်းကုန်း တရားရုံးမှာ ဒီကနေ့ ၆ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က တင်ပြလာတဲ့ သက်သေအထောက်အထားတွေကို တရားရုံးက လက်ခံလိုက်ပါတယ်။
2019-06-05
အခွန်ဆောင်နေတဲ့ ကျောက်မျက်လုပ်ငန်းရှင်အများစုထဲမှာ အထူးကုန်စည်ဥပဒေကို နားလည်သူ နည်းတယ်လို့ တိုင်းအခွန်ဦးစီးက ပြောလိုက်ပြီး ကျောက်မျက်လုပ်ငန်းရှင်တွေကတော့ အခွန်ဆောင်ရတာ တန်းတူညီမျှမှုမရှိဘူးလို့ တုံ့ပြန်ပြောလိုက်ပါတယ်။
2019-06-05
USDP ပါတီဝင်အင်အား သန်းနဲ့ချီရှိပြီး အမျိုးသားရေး လှုပ်ရှားမှုတွေ အပါအဝင် သူတို့ ယုံကြည်ရာကို လွပ်လပ်စွာ ဝင်ရောက်ဆောင်ရွက်နိုင်ကြောင်း၊ အဲဒါဟာ ပါတီရဲ့ မူဝါဒ လမ်းညွှန်ချက် မဟုတ်ကြောင်း USDP ပါတီ ပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
2019-06-05
ရန်ကုန်မြို့လုံခြုံရေးအတွက် ဗဟိုထိန်းချုပ်ဌာနကနေ CCTV အလုံးရေ ၂၉၅၅ လုံး တပ်ဆင်ပြီး မှုခင်းကျဆင်းရေး ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောလိုက်ပါတယ်။
2019-06-05
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်အင်အား သန်းနဲ့ချီရှိပြီး ပါတီစည်းမျဉ်းစည်းကမ်း မချိုးဖောက်ရင် အမျိုးသားရေး လှုပ်ရှားမှုတွေ အပါအဝင် သူတို့ ယုံကြည်ရာကို လွတ်လွတ်လပ်လပ် ပါဝင်ဆောင်ရွက်နိုင်ကြောင်း၊ အဲဒါဟာ ပါတီရဲ့ မူဝါဒ လမ်းညွှန်ချက် မဟုတ်ကြောင်း USDP ပါတီက ပြောလိုက်ပါတယ်။
2019-06-05
ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း ရန်ကုန်-စစ်တွေကားလမ်းဘေးမှာ AA ရက္ခိုင့်တပ်တော်က ထောင်ထားတဲ့ မိုင်း ခုနှစ်လုံး မနေ့က ပေါက်ကွဲခဲ့တာနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ အရေးယူဖို့ ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
2019-06-05
ရိုဟင်ဂျာ မွတ်စလင်ပြန်လည်လက်ခံရေးစခန်းရှိတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲဒေသမှာ ARSA နဲ့ မြန်မာ့တပ်မတော်တို့ကြား အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ မြန်မာ့တပ်မတော်က အတည်ပြုပြောဆိုပါတယ်။
2019-06-05
မြန်မာ့တပ်မတော်က စစ်ရာဇဝတ်မှုတွေကို ကျူးလွန်၊ မကျူးလွန်ဆိုတာ မြေပြင်မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်လေ့လာပြီး ရေးသားထုတ်ပြန်သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တစ်ဖဲ့ွဖြစ်တဲ့ Fortify Rights အဖွဲ့ရဲ့အစီရင်ခံစာကို တပ်မတော်က တုံ့ပြန်လိုက်ပါတယ်။
2019-06-05
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ သုံးခုနဲ့ ဖမ်းဆီးခံထားရတဲ့ အောင်သပြေကျေးရွာသား ဦးထွန်းမြင့်ဝင်းဟာ အိုးဘိုထောင်တွင်းမှာ ဒီနေ့မနက်က သေဆုံးသွားကြောင်း အောင်သပြေကျေးရွာသားတွေနဲ့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
2019-06-05
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စု မန်ပြိန်းကျေးရွာအနီးမှာ အကောင်အထည်ဖော်မယ့် ဧက ၃ဝဝ စိုက်ပျိုးရေးစီမံကိန်းကို ကန့်ကွက်နေတဲ့ ကျေးရွာသားတွေကို SSPP က ဗိုလ်ကြီး ဆိုသူက ဖိအားပေး ြခိမ်းခြောက်တာတွေ ရှိနေလို့ဆိုပြီး ရွာသား ၂ဝဝ ဝန်းကျင်ဟာ လားရှိုးမြို့ပေါ်ကို ဒီနေ့ ထွက်ပြေးခဲ့ကြပါတယ်။
2019-06-05
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်နိုင်ငံ ပရာ့ဂ်မြို့ကို လာရောက်ရှိတဲ့ ခရီးစဉ်ကြောင့် မြန်မာနိုင်ငံနဲ့ ချက်နိုင်ငံအကြား စီးပွားရေးဆိုင်ရာဆက်ဆံမှု ပိုမိုကောင်းမွန်လာဖို့ရှိတယ်လို့ ပရာ့ဂ်မြို့ ရေဒီယိုက မနေ့က ကြေညာပါတယ်။
2019-06-05
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန်စီမံကိန်း အပေါ် ဒေသခံတွေရဲ့သဘောထားနဲ့ ထိခိုက်နစ်နာမယ့် အခြေအနေတွေနဲ့ပတ်သက်လို့ အစီရင်ခံစာတစ်စောင်ကို ဒီလအတွင်း ထုတ်ပြန်သွားမယ်လို့ ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ ညှိနှိုင်းရေးမှူး ဦးထွန်းကြည်က RFA ကို ပြောပါတယ်။
2019-06-05
ရှမ်းပြည်နယ် လားရှိုးမြို့နယ် မန်ပြိန်းကျေးရွာမှာပြုလုပ်မယ့် ဧက ၃၀၀ စိုက်ပျိုးရေးစီမံကိန်းတစ်ခုနဲ့ ပတ်သက်ပြီး ကန့်ကွက်နေတဲ့ ကျေးရွာသားတွေကို SSPP က ဗိုလ်ကြီးတစ်ဦးက ဖိအားပေး ခြိမ်းခြောက်လို့ဆိုပြီး ရွာသားနှစ်ရာနီးပါး လားရှိုးမြို့ပေါ်ကို ထွက်ပြေးရောက်ရှိလာပါတယ်။