ကျောက်ဖြူစီးပွားရေးဇုန်ကြောင့် ထိခိုက်မယ့်အခြေအနေ အစီရင်ခံစာထုတ်မည်


2019.06.05
kyaukphyu-fishermen-622.jpg ကျောက်ဖြူမြို့က ရေလုပ်သားတွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန်စီမံကိန်းအပေါ် ဒေသခံတွေရဲ့သဘောထားနဲ့ ထိခိုက်နစ်နာမယ့် အခြေအနေတွေနဲ့ပတ်သက်လို့ အစီရင်ခံစာတစ်စောင်ကို ဒီလအတွင်း ထုတ်ပြန်သွားမယ်လို့ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ ညှိနှိုင်းရေးမှူး ဦးထွန်းကြည်က RFA ကို ပြောပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအရေးကိစ္စနဲ့ပတ်သက်လို့ ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးအသင်းရဲ့ ညှိနှိုင်းရေးမှူး ဦးထွန်းကြည်ကို RFA က ကျောက်ဖြူမြို့မှာ သီးသန့်တွေ့ဆုံမေးမြန်းခဲ့ရာမှာ ပြောလိုက်တာပါ။

ဒီအစီရင်ခံစာမှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်စီမံကိန်းတွေကြောင့် ရေလုပ်သားတွေအပေါ် ထိခိုက်နိုင်မယ့် အခြေအနေတွေအပြင် သူတို့ရဲ့မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး အဓိကထုတ်ပြန်ဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းကို ဧက ၄၂၀၀ ကျော်မှာ အကောင်အထည်ဖော်ဖို့ လျာထားတာဖြစ်ပြီး ရေနက်ဆိပ်ကမ်းစီမံကိန်းတွေနဲ့ စက်မှုဇုန်စီမံကိန်းတွေပါဝင်ပါတယ်။

အဲဒီအထဲက ရေနက်ဆိပ်ကမ်းစီမံကိန်းကို အခု ၂၀၁၉ ခုနှစ်မှာ အကောင်အထည်ဖော်မယ်လို့ မြန်မာအစိုးရနဲ့ တရုတ် CITIC ကုမ္ပဏီတို့အကြား ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ နေပြည်တော်မှာ သဘောတူလက်မှတ်ရေး ထိုးထားတာဖြစ်ပါတယ်။

ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအသင်းက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က "ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းရဲ့အခွင့်အလမ်းနဲ့စိန်ခေါ်မှုများ" လို့ အမည်ပေးထားတဲ့ အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အခုထုတ်ပြန်မယ့် အစီရင်ခံစာဟာ ဒုတိယအကြိမ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။