မြေပြင်အခြေအနေ လေ့လာထုတ်ပြန်ဖို့ Fortify Rights ကို တပ်မတော်တုံ့ပြန်
2019.06.05
မြန်မာ့တပ်မတော်က စစ်ရာဇဝတ်မှုတွေကို ကျူးလွန်၊ မကျူးလွန်ဆိုတာ မြေပြင်မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်လေ့လာပြီး ရေးသားထုတ်ပြန်သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တစ်ဖဲ့ွဖြစ်တဲ့ Fortify Rights အဖွဲ့ရဲ့အစီရင်ခံစာကို တပ်မတော်က တုံ့ပြန်လိုက်ပါတယ်။
တပ်မတော်က ဖမ်းဆီးအရေးယူမှုတွေလုပ်ဆောင်ရာမှာလည်း လက်လွတ်စပယ် လုပ်ဆောင်တာတွေမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
Fortify Rights အဖွဲ့က သူတို့ရရှိထားတဲ့ အချက်အလက်တွေအရ မြန်မာ့တပ်မတော်က ရခိုင်ဒေသခံတွေကို သတ်ပစ်တာတွေ၊ မထင်ရင် မထင်သလိုဖမ်းဆီးတာတွေ၊ နှိပ်စက်တာတွေ လုပ်ဆောင်နေတာတွေဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်ကြောင်း ရေးသားထားတာပါ။
ပြီးခဲ့တဲ့ မေလ နောက်ဆုံးအပတ်ကလည်း အပြည်ပြည်ဆိုင်ရာလွတ်ြငိမ်းချမ်းသာခွင့်အဖွဲ့ AI က ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး ရက္ခိုင့်တပ်တော်က လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။