သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဥပဒေပညာရှင် တစ်ဦးဖြစ်တဲ့ ရှေ့နေဦးကိုနီက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်လို့ ဥရောပပါလီမန်အမတ်တွေနဲ့ ဂျာမဏီနိုင်ငံမှာ မနေ့က ဆွေးနွေးခဲ့ပါတယ်။
2015-06-10
အိန္ဒိယ မြန်မာနယ်စပ်၊ မြန်မာဘက်ခြမ်းကို ဝင်ရောက်ခိုအောင်းပြီး အိန္ဒိယအစိုးရကို လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်နေတဲ့ လူမျိုးစုသူပုန်အဖွဲ့တွေကို အိန္ဒိယစစ်တပ်က မြန်မာနိုင်ငံ ပိုင်နက်အတွင်းထိ လိုက်လံရှင်းလင်းခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း မြန်မာအစိုးရက မနေ့က ငြင်းဆို လိုက်ကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
2015-06-10
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လျာထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း ၇ ခုကို ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ မြို့တော်ဝန် ဦးလှမြင့်က တင်ပြလိုက် ပါတယ်။
2015-06-10
သံလွင်မြစ်ထဲကရေကို မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေ ကို တူးမြောင်းတွေ တည်ဆောက်ပြီး လွဲှပြောင်းပေးဖို့ တိုက်တွန်းတဲ့အဆိုကို အမျိုးသားလွှတ်တော် မှာ ကိုယ်စားလှယ် ၈ ဦးက ဒီနေ့ ဆွေးနွေးရာ တိုင်းရင်းသား ကိုယ်စားလှယ် ၂ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၁ ဦး က ကန့်ကွက်ကြပါတယ်။
2015-06-10
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှု ၃ လပြည့်အထိမ်းအမှတ် ဆုတောင်းပွဲကို ဒီကနေ့ ကျင်းပပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသူကျောင်းသားအားလုံးကို လွှတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။
2015-06-10
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမ ဆုံး တရုတ်နိုင်ငံခရီးစဉ်အဖြစ် ဘေဂျင်း မြို့ကို မနေ့က ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
2015-06-10
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းရာမှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယ သမ္မတဖြစ်ခွင့်ကို ကန့််သတ်ထားတဲ့ ပုဒ်မ ၅၉ (စ) ပါ အချက်တချို့ကို ပြင်ဆင်ထားကြောင်း သိရပါတယ်။
2015-06-10
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ကာလမှာ တိုင်းပြည်ဆူဆူပူပူ မဖြစ်အောင် ကာကွယ်ကြဖို့နဲ့ ရွေးကောက်ပွဲအောင်မြင်အောင် ပြည်သူအားလုံးက ကူညီကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။
2015-06-10
မန္တလေးတိုင်း မြို့သာမြို့မှာ ပရဆေးစိုက်ပျိုးရေးခြံ စီမံကိန်းအတွက် လယ်မြေဧက ၃ ထောင်ကျော် သိမ်းဆီးခံထားရတဲ့ ဒေသခံတောင်သူတွေဟာ လယ်ယာမြေတွေပြန်လည်ရရှိဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2015-06-10
ရှမ်းပြည်တောင်ပိုင်းက မြို့နယ် ၂၁ မြို့နယ်နဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာ မဲပေးပိုင်ခွင့် ရှိသူစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာလိုက်ပါတယ်။
2015-06-10
တိုင်းနဲ့ပြည်နယ် ၁ဝ ခုမှာ မဲပေးနိုင်တဲ့ အခြေခံမဲဆန္ဒရှင်စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၈ ရက်၊ မနေ့က ထုတ်ပြန်ကြေညာခဲ့ရာမှာ မကွေးတိုင်းက မဲစာရင်းတွေမှာ အမှားတွေပါရှိခဲ့ပါတယ်
2015-06-10
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်အတွက် လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက်ပံ့ပိုးပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၈ဝ က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2015-06-10
နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်လာဖို့ ရည်ရွယ်ပြီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က ပန်းချီ၊ ကာတွန်း၊ ဓာတ်ပုံတွေ ပါတဲ့ အနုပညာပြပွဲတစ်ခုကို ဒီလ ၈ ရက်နေ့ကနေ ၁ဝ ရက်နေ့အထိ ပြသနေပါတယ်။
2015-06-10
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်းကျော်က လက်မှတ်ရေးထိုးနေကြပြီး ဒီတပတ်အတွင်း ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းဖွယ်ရှိတယ်လို့ သိရပါတယ်။
2015-06-09
အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသားတွေကို ဝန်းရံတဲ့အတွက် သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကိုခင်လှိုင်ဟာ ပြီးခဲ့တဲ့ မတ်လက လက်ပံတန်းမှာ သပိတ်ဖြိုခွဲသူ ရဲတပ်ဖွဲ့ဝင်တွေ ရိုက်နှက် ခဲ့တဲ့ဒဏ်တွေကြောင့် ထောင်ထဲမှာ သွေးအန်တဲ့အတွက် မနေ့က သာယာဝတီဆေးရုံကနေ ရန်ကုန် ပြည်သူ့ဆေး ရုံကြီးအရေးပေါ်ဌာနကို လွှဲပြောင်းခဲ့ရပါတယ်။