သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-01-14
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂ဝဝ ကျော် လွှတ်ပေးလိုက်တာကို အမေရိကန်သမ္မတ အိုဘားမားက ကြိုဆိုလိုက်ပြီး ဒီအတွက် မြန်မာနိုင်ငံ မှာ သံအမတ်ကြီးတစ်ဦး ပြန်လည်ခန့်ထားမယ်လို့ အမေရိကန်အစိုးရက ပြောကြားလိုက်ပါတယ်။
2012-01-13
သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အရ လွတ်မြောက်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်က သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုကို အကောင်းမြင် ပြောကြားလိုက်ပြီး မိမိအနေနဲ့ တိုင်းပြည်အတွက် တတ်စွမ်းသမျှ ဆောင်ရွက်မှာ ဖြစ်ပေမယ့် နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှာ မဟုတ်ကြောင်း ပြောပါတယ်။
2012-01-13
သမ္မတဦးသိန်းစိန်ရဲ့ ဇန်နဝါရီ ၁၂ ရက် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက် အရ ဒီကနေ့ လွတ်မြောက်လာသူတွေ ထဲမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ မနီလာသိန်းနဲ့ ကိုဂျင်မီ စသူတို့ ပါဝင်သလို တိုင်းရင်းသားခေါင်းဆောင်တွေထဲက ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ စိုင်းညွန့်လွင်တို့လည်း ပါဝင်ပါတယ်။
2012-01-13
အမေရိကန် ရီပတ်ဘလီကင်ပါတီ အထက်လွှတ်တော်အမတ် မစ္စတာ မစ်ချ် မက်ကောနဲလ်ဟာ လာမယ့် သီတင်းပတ် အစောပိုင်းမှာ မြန်မာ နိုင်ငံကို သွားမယ်လို့ မနေ့က သတင်းထုတ်ပြန်လိုက် ပါတယ်။
2012-01-13
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ပါဝင်တဲ့ လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ကို မြန်မာအစိုးရက ရုတ်တရက် ဖျက်သိမ်းလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစိုးရနဲ့ ထပ်မံညှိနှိုင်းမယ်လို့ အီတာလျံ-ထိုင်း ကုမ္ပဏီက ပြောလိုက်ပါတယ်။
2012-01-12
ဧပြီလ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ဒီကနေ့ စတင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2012-01-11
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Asia Society အဖွဲ့ကြီးက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ရဲ့အမြင့်ဆုံး Global Vision ဂုဏ်ထူးဆောင်ဆုကို ဗုဒ္ဓဟူးနေ့ညက ပေးအပ်ချီးမြှင့်လိုက်ပါတယ်။
2012-01-11
အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဒဲရက်မစ်ချယ်လ်ဟာ ဒီကနေ့ ပုဂံမြို့က အသေးစား ငွေချေးလုပ်ငန်းနဲ့ ဖွံဖြိုးရေး အစီအစဉ်တွေကို သွားရောက်လေ့လာခဲ့ပါတယ်။
2012-01-11
လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် အရွေးခံမယ့် ကော့မှူးမြို့နယ်က ကျေးရွာတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ် အောင်နိုင်ရေး အဖွဲ့ဝင်တွေ ဒီကနေ့ သွားရောက် စည်းရုံးခဲ့ပါတယ်။
2012-01-11
ပြည်သူတွေရဲ့ အနာဂတ်ဘဝ သာယာဝပြောရေးကို လက်တွေ့ ပုံဖော်နိုင်ရေး အတွက် မိမိတို့ နိုင်ငံရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာလို့ အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး ကော်မတီရုံးဖွင့်ပွဲ အခမ်းအနားမှာ ပြောသွားပါတယ်။
2012-01-11
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာတို့ နှစ်နိုင်ငံကြားမှာ တိုက်ရိုက် ရေကြောင်း သွားလာမှု ပြုလုပ်နိုင်ရေး အတွက် ပူးတွဲ ကော်မတီ တစ်ရပ် ဖွဲ့စည်းထားပြီး မကြာခင် ကာလမှာ သဘောၤတွေ တိုက်ရိုက် ကူးသန်း သွားလာနိုင်တော့မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမင်းလွင်က မနေ့က ပြောကြားလိုက်ပါတယ်။
2012-01-11
စစ်မက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က စစ်ပြေး ဒုက္ခသည်တွေ အတွက် ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူ ဦးဆောင်တဲ့ နာရေး ကူညီမှုအသင်း (ရန်ကုန်) က ငွေကျပ် သိန်း ၃၀၀ ကျော်နဲ့ ပစ္စည်း အကူအညီတွေ ဇန်နဝါရီ ၁၂ ရက်မှာ သွားရောက် လှူဒါန်းမယ်လို့ သိရပါတယ်။
2012-01-10
မိမိတို့ တောင်းဆိုချက်တွေ ပြေပြေလည်လည် ညှိနှိုင်းပြီးချိန်မှ အစိုးရနဲ့ အပစ်ရပ်ရေး သဘောတူညီချက် လက်မှတ်ထိုးနိုင်မယ်လို့ KNU ကရင်မျိုးသား အစည်းအရုံးက ဒီကနေ့ ပြောဆိုပါတယ်။
2012-01-10
အန်အယ်လ်ဒီပါတီနဲ့ ဒီကနေ့ တွေ့ဆုံတဲ့ ဂျပန်နိုင်ငံ သုံးပါတီ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့က မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို စာနာထောက်ထားပြီး လိုအပ်တဲ့ အကူအညီများကို ပေးမှာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။
2012-01-10
ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲမှာ လူငယ် အရေအတွက် သုံးပုံတစ်ပုံ ပါဝင်မယ်လို့ ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေ တစ်နေရာက ပါဝင် ယှဉ်ပြိုင်မယ့် ၈၈ မျိူးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။