မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ ဂျပန် ကူမယ်

အန်အယ်လ်ဒီပါတီနဲ့ ဒီကနေ့ တွေ့ဆုံတဲ့ ဂျပန်နိုင်ငံ သုံးပါတီ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့က မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို စာနာထောက်ထားပြီး လိုအပ်တဲ့ အကူအညီများကို ပေးမှာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

2012.01.10
assk-japan-fm-305 မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba တို့ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
RFA

ဒီကနေ့ မွန်းလွဲပိုင်းက ဂျပန်နိုင်ငံက ဒီမိုကရက်ပါတီ၊ လစ်ဘရယ် ဒီမိုကရက်ပါတီနဲ့ ဂျပန် ကွန်မြူနစ်ပါတီ သုံးပါတီက ကိုယ်စားလှယ် အဖွဲ့ဝင်များနဲ့ အန်အယ်လ်ဒီ ပါတီ ဗဟို အလုပ်အမှုဆောင်များ ဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဦးအုံးကြိုင်တို့ တွေ့ဆုံပါတယ်။

ဂျပန် ကိုယ်စားလှယ် အဖွဲ့ကို လွှတ်တော် ကိုယ်စားလှယ် မစ္စတာ အိုအီရှီ (Mr. Oishii) က ဦးဆောင်ပါတယ်။ လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြပြီး ဂျပန်အဖွဲ့က မြန်မာကို အကူအညီပေးဖို့ ကမ်းလှမ်းတယ်လို့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

အလားတူ ဂျပန် စီးပွားရေး ဝန်ကြီး မစ္စတာ ယုကိအို အယ်ဒါ့နို (Yukio Edano) ဟာ မနက်ဖြန် မြန်မာနိုင်ငံကို ရောက်လာပါမယ်။

နေပြည်တော်ကို ပထမ သွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေနဲ့ စီးပွားရေး ဆိုင်ရာ အကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးမှာပါ။

Edano ဟာ ကြာသပတေးနေ့ ညနေ ငါးနာရီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ဒီအဖွဲ့မှာ ဂျပန် စီးပွားရေး ဝန်ကြီးနဲ့ အတူ ဟီတာချီ၊ တိုရှီဘာ၊ မစ်စုအိ၊ နစ်ပွန်း ရေနံနဲ့စွမ်းအင် ကော်ပိုရေးရှင်း၊ မာရုဘန်နီ စတဲ့ ဂျပန် ကုမ္ပဏီကြီးတွေက အကြီးအကဲတွေ လိုက်ပါလာမယ်လို့ သိရပါတယ်၊

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-01-10 23:39

ဒီမိုကရေစီ မြန်မြန် ရစေချင်ရင် ကျေးလက်က ပြည်သူတွေ စာများများတတ်အောင် အမြန်ဆုံး ကူညီပေးပါ၊