ကိုယ်စားလှယ်လောင်းအမည်စာရင်း အန်အယ်လ်ဒီ ထုတ်ပြန်ကြေညာ

ဧပြီလ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ဒီကနေ့ စတင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

2012.01.12
assk-film-festival-305 ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့နယ် တော်ဝင်စင်တာတွင် ကျင်းပပြုလုပ်သည့် ‘လွတ်လပ်ခြင်း အနုပညာ’ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားစဉ်။
RFA

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ ပြည်နယ်၊ တိုင်းနဲ့ မြို့နယ်အသီးသီးက တင်ပြလာတဲ့ အမည်စာရင်းတွေကို အသေအချာ စိစစ်ပြီး ရွေးချယ်ခဲ့တာလို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုံးကြိုင်က ပြောပါတယ်။

“အောက်ခြေက မြို့နယ်က တင်ပြပေးတဲ့လူကိုလည်း စဉ်းစားတယ်။ ပြည်နယ်နဲ့တိုင်းက ရွေးချယ်ပေးတဲ့လူကိုလည်း စဉ်းစားတယ်။ ပြီးတော့မှ ရှေ့ဆက်သွားရမယ့်ခရီးမှာ ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ဗဟိုက ရည်ရွယ်ထားတဲ့လူတွေကိုလည်း ထည့်စဉ်းစားတယ်။ စဉ်းစားတဲ့နေရာမှာတော့ အဓိကကတော့ ကြေညာထားတဲ့အတိုင်း မဲဆန္ဒနယ်အားလုံးမှာ အနိုင်ရချင်တာဆိုတော့ နိုင်ခြေအလားအလာအကောင်းဆုံးလူပေါ့။ ဒုတိယကတော့ ပါတီရဲ့ဒီမိုကရေစီရေးပေါ်မှာ သစ္စာစောင့်သိတဲ့လူ၊ တတိယကတော့ ပညာအရည်အချင်း ပြည့်ဝပြီးတော့ လုပ်ငန်းအတွေ့အကြုံရင့်ကျက်သူ၊ နောက် အဲဒီထဲကမှ ယှဉ်လိုက်ရင်တော့ တိုင်းရင်းသားနဲ့ အမျိုးသမီးတွေ လူငယ်တွေကို ဦးစားပေးဖို့ဆိုတဲ့ မူနဲ့ပဲ ရွေးချယ်ကြပါတယ်”

ဒီကနေ့ထုတ်ပြန်ကြေညာချက်မှာတော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့အမည်စာရင်းတွေကို ထုတ်ပြန်ထားတာပါ။

ရန်ကုန်တိုင်းအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကော့မှူးမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒေါ်စုစုလွင်က သုံးခွမြို့နယ်၊ ဒေါ်ဖြူဖြူသင်းက မင်္ဂလာတောင်ညွန့်၊ ဦးဖြိုးမင်းသိန်းက လှည်းကူးနဲ့ ဒေါက်တာဒေါ်မေဝင်းမြင့်က မရမ်းကုန်းမြို့နယ် အသီးသီး ဝင်ပြိုင်မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-01-12 22:39

happy