အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကော့မှူးမြို့နယ် အောင်နိုင်ရေး အဖွဲ့ စည်းရုံးရေး ဆင်း
2012.01.11

AFP
ကော့မှူးမြို့နယ် အရှေ့ပိုင်းနဲ့ အလယ်ပိုင်းက ကျေးရွာ တချို့ကို သွားရောက်ခဲ့ကြောင်း၊ မိမိကတော့ ကျေးရွာလေးရွာကို ဒီကနေ့ ရောက်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးက အာရ်အက်ဖ်အေကို ပြောပါတယ်။
“သူတို့ကတော့ အမေစုကို ချစ်လည်း ချစ်တယ်ပေါ့။ အမေစုဆိုရင် စည်းရုံးစရာ မလိုဘဲနဲ့ကို ထည့်ချင်နေတယ်ပေါ့။ နောက်တော့ အခုက ဘယ်လိုဖြစ်နေသလဲ ဆိုတော့ မဲထည့်တဲ့ နေရာမှာပေါ့၊ မဲ မည်းသွားမှာကို သူတို့ စိုးရိမ်နေတယ်။ အရင်လိုပေါ့နော်၊ သူတို့မဲကို လိမ်လိုက်မှာကို သူတို့ စိုးရိမ်နေတယ်။ အဲလိုမျိုး ထူးခြားချက်ကလေးတွေ ကျွန်မတို့ တွေ့ရပါတယ်”
ကော့မှူးမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ကို မြို့နယ် အန်အယ်လ်ဒီ တာဝန်ခံ တစ်ဦး ဖြစ်တဲ့ ဦးအေးသိန်းက ခေါင်းဆောင်ပြီး စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
ဒီကနေ့ စည်းရုံးရေး ခရီးစဉ်နဲ့ ပတ်သက်ပြီး မစုစုနွေးနဲ့ ဆက်သွယ် မေးမြန်းချက်ကို သတင်း အပြီးမှာ နားဆင်ရပါမယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |