အမေရိကန် အထက်လွှတ်တော်အမတ် မြန်မာနိုင်ငံ သွားမယ်
2012.01.13

မြန်မာပြည်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ရော၊ မြန်မာအစိုးရအဖွဲ့ဝင်တွေနဲ့ရော တွေ့ပြီး နိုင်ငံရေး အသွင်ပြောင်းလဲမှု၊ နှစ်ဘက်အပြန်အလှန်ဆက်ဆံရေးနဲ့ ဒေသတွင်းလုံခြုံရေးကိစ္စတွေ ဆွေးနွေးမယ်လို့ ဖော်ပြထားပါတယ်။
မစ္စတာ မက်ကောနဲဟာ ဇန်နဝါရီ ၁၅ ရက် တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကိုရောက်မှာဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက် ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာပါမယ်။ အထက်လွှတ်တော်အမတ် မစ္စတာ မစ်ချ် မက်ကောနဲဟာ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီရေးတို့အတွက် အစဉ်တစိုက် ဆော်သြလှုပ်ရှားနေသူဖြစ်ပါတယ်။ ၂၀၀၃ ခုကစပြီး နှစ်စဉ်နှစ်တိုင်း မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့အရေးယူရေးကိစ္စမှာ ဦးစီးဆောင်ရွက်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးအတွက်လည်း မပြတ်တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ပြီးတဲ့နောက် မကြာခဏ တယ်လီဖုန်းဆက်သွယ် ပြောဆိုခဲ့ပါတယ်။ အခု မြန်မာပြည်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးအကြိမ် လူကိုယ်တိုင်တွေ့ဆုံရမှာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။