သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-06
တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လ်ဆင် မန်ဒဲလား Nelson Mandela ဟာ ကမ္ဘာကြီးကိုပြောင်းလဲဖို့ တခြားသူတွေကို စေ့ဆော်ပေး တဲ့ မဟာလူသား တစ်ဦးပါလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြော ကြားလိုက်ပါတယ်။ အသက် (၉၅) နှစ်ရွယ် မစ္စတာ မန်ဒဲလား မနေ့က ကွယ်လွန်သွားတဲ့အတွက် ကြေ ကွဲဝမ်းနည်းလှပါတယ်လို့လည်း ပြောကြားပါတယ်။
2013-12-06
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2013-12-06
မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် သာသနာ အနှစ် ၂ဝဝ ပြည့် ဓမ္မသဘင်ဆုတောင်းပွဲကို အလုံမြို့နယ်မှာရှိတဲ့ "ရန်ကုန်- ကရင်နှစ်ခြင်းခရစ်ယာန် သာသနာ ကျောင်းဝင်းအတွင်းမှာ ကျင်းပနေပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်း က တင်ပြထားပါတယ်။
2013-12-06
သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း (၁၊ ၂၊ ၃) ရပ်ကွက်က ဒေသခံတွေ သပိတ်စခန်းဖွင့် ဆန္ဒပြနေရာမှာ ဒီနေ့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လုံခြုံရေးတိုးပြီးချထားတဲ့အတွက် အခြေအနေ တင်းမာနေပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-12-06
အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုြဖစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ရဲ့ ရှမ်းနှစ် ၂၁ဝ၈ ပြည့် နှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုမိန်းမြို့နယ်ခွဲ လွယ်တိုင်းလျန်းဒေသမှာ ဒီဇင်ဘာလ ၂ ရက် ညပိုင်းက ကျင်းပ ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးထွန်းက လွယ်တိုင်းလျန်းဒေသကနေ သတင်းပေးပို့ထားပါတယ်။
2013-12-06
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံခွင့်ရရှိထားတဲ့ Telenor ဆက်သွယ်ရေးကုမ္ပဏီက ဝန်ထမ်းခေါ်ယူမှုနဲ့ နည်းပညာဆိုင်ရာ ဟောပြောပွဲတစ်ခုကို ရန်ကုန်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2013-12-05
ပါတီစုံ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကို ပြန်လည်ဖေါ်ဆောင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယဆီက လေ့လာစရာ အများအပြားရှိနေပါတယ်လို့ အိန္ဒိယနိုင်ငံကိုရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ပြောပါတယ်။ အိန္ဒိယသမ္မတ မစ္စတာ ပရာနတ် မူကာဂျီနဲ့ မနေ့က တွေ့ဆုံခဲ့ရာမှာ ပြောကြား ခဲ့တာပါ။
2013-12-05
မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသားအားလုံး တစ်ဦးနဲ့ တစ်ဦး မေတ္တာတရားထားပြီး ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း မနေ့က စတင်ကျင်းပတဲ့ မြန်မာနိုင်ငံ နှစ်ချင်းခရစ်ယာန် အနှစ် ၂၀၀ ပြည့်အခမ်းအနားမှာ ခရစ်ယာန် ဘာသာရေး ဆရာတော်တွေက တိုက်တွန်းပြော ကြားခဲ့ပါတယ်။
2013-12-05
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွတ်တော်နာယက သူရဦးရွှေမန်းတို့နဲ့တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက် အပါအဝင် မြန်မာ့နိုင်ငံရေး နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ စင်ကာပူနိုင်ငံအခြေစိုက် ISAS အရှေ့တောင်အာရှ လေ့လာရေးသိပ္ပံက မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာ တင်မောင်မောင်သန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-12-05
မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနဲ့ မှုခင်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်နိုင်ငံနယ်စပ်တာဝန်ရှိသူတွေ မနေ့က နှစ်နိုင်ငံ အလံတင်အစည်းအဝေးမှာ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
2013-12-05
ရခိုင်ပြည်နယ်က ပြည်သူတွေ ရင်ဆိုင်နေရတဲ့ လူမှုစီးပွားအခက် အခဲတွေကို ဖြေရှင်းနိုင်ဖို့အဖြေရှာမယ့် ရခိုင်အမျိုးသား ညီလာခံဖြစ်မြောက်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ ဒီဇင်ဘာလ ၅ ရက်ကနေ ၇ ရက်နေ့အထိ ကျင်းပနေပါတယ်။
2013-12-05
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး ရန်ကုန်ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြသူတွေထဲ က ကိုရန်နိုင်ထွန်းနဲ့ ကိုအောင်မင်းနိုင်တို့ကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တရားရုံးက ပုဒ်မ ၁၈၊ တရားမဝင် စီတန်းလှည့်လည်မှုနဲ့ ထောင်ဒဏ် ၇ လစီ ချမှတ်လိုက်ပြီး အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက် ပါတယ်။
2013-12-05
မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း တင်ဒါအောင်ထားတဲ့ နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော Telenor ကုမ္ပဏီက လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ သား ဝန်ထမ်းအရေအတွက် တစ်ထောင် တိုက်ရိုက်ခန့် သွားဖို့ရှိတယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။
2013-12-05
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့လွယ်ကူတဲ့ ဖွဲ့စည်းပုံဖြစ်ရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပြည်ထောင်စု လွှတ်တော်၊ ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို အကြံပြုစာပေးပို့သွားမယ်လို့ သိရပါတယ်။
2013-12-05
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အထောက်အကူဖြစ်စေမယ့် အကူညီတွေကိုပေးဖို့ ဖိလစ်ပိုင်သမ္မတ ဘင်နင်နို အကွီနိုက ပြောကြား လိုက်ပါတယ်။ ဒီကနေ့ ဖိလစ်ပိုင် သမ္မတနန်းတော် မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့အတူ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာအကွီနိုက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။