မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှုခင်းတိုက်ဖျက်ရေး ဆွေးနွေး


2013.12.05
bangladesh-myanmar-border-meeting-305.jpg မောင်တောမြို့မှာ ဇူလိုင်လ ၁၁ ရက်နေ့ကလုပ်ခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံနယ်စပ်အဆင့် အလံတင်အစည်း အဝေးမြင်ကွင်း
photo: RFA/ Min Thein Aung

မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးနဲ့ မှုခင်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်နိုင်ငံနယ်စပ်တာဝန်ရှိသူတွေ မနေ့က နှစ်နိုင်ငံ အလံတင်အစည်းအဝေးမှာ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဘက်က လက်နက်ကိုင်တွေဝင်ရောက်ပြီး ပြန်ပြေးဆွဲမှု ကိစ္စတွေ၊ မြန်မာရေပိုင်နက်အတွင်း ဘင်္ဂလားဒေ့ရ်ှဖက်က တရားမဝင် ငါးဖမ်းတာတွေကို ဘင်္ဂလားဒေ့ရ်ှအစိုးရနဲ့ ပူးပေါင်းဖော်ထုတ်သွားဖို့ နှစ်ဖက်သဘောတူခဲ့ကြတယ် လို့ တွေ့ဆုံဆွေးနွေးရာမှာပါဝင်တဲ့ မောင်တောခရိုင် အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကတော့ မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို အစုလိုက်အပြုံလိုက် တရားမဝင်ဝင်ရောက်မှုတွေ ရှိနေတဲ့ကိစ္စတွေအပြင် မူးယစ်ဆေးဝါးနဲ့ တရားမဝင်ကုန်သွယ်မှုတွေကို ထိန်းသိမ်းပေးဖို့ ဆွေးနွေးခဲ့တယ်လို့ အဲဒီအရာရှိက ပြောပါတယ်။

ဒါ့အပြင် ဘူးသီးတောင် အကျဉ်းထောင်မှာ ထိန်းသိမ်းထားတဲ့ ပြစ်ဒဏ်လွတ် ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၈၀ ကျော်ကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို အမြန်ဆုံး လွှဲပြောင်းပေးနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မောင်တောမြို့က နှစ်နိုင်ငံအလံတင်အစည်းအဝေးကို မြန်မာဘက်က မောင်တောအခြေစိုက် အမှတ် ၄ ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ်တင်ကိုကို ဦးဆောင်တဲ့အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ကော့ဆက်ဘဇားအခြေစိုက် နယ်ခြားစောင့်တပ် ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်တဲ့အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။