သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-12
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်က လတ်တလော ရခိုင်ပြည် နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ဖြေရှင်းသွား မှာဖြစ်ကြောင်းနဲ့ တရားဥပဒေစိုးမိုးရေးအောက်မှာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
2016-10-12
ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်မှာ ဆိုင်ကယ်စီး ခွင့်ရှိမယ့်နေရာတွေ သတ်မှတ်ပေးဖို့နဲ့ လိုက်နာမှု မရှိရင် အရေးယူပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်းအဆိုကို ရန်ကုန်တိုင်း လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ် လိုက်ပါတယ်။
2016-10-12
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်မှာ နယ်ခြားစောင့်ရဲကင်းစခန်းတွေ အကြမ်းဖက်ခံခဲ့ရပြီး နောက်ပိုင်း အခြေခံပညာစာသင်ကျောင်း ၄၀၀ နီးပါးကို ပိတ်ထားရပါတယ်။
2016-10-12
ဒီရက်တွေအတွင်း အွန်လိုင်းသတင်းတွေ၊ လှုမှု ကွန်ရက်စာမျက်နှာတွေမှာ နေ့စဉ်လိုလိုတွေ့နေရတဲ့ ထိတ်လန့်ဖွယ် အဖြစ်အပျက်တွေများစွာထဲက တခု ကတော့ ခိုက်ရန်ဒေါသတွေကို လက်နက် နဲ့ ဖြေရှင်းရင်း လူတဦးနဲ့တဦး သတ်ဖြတ်မိတဲ့၊ အပြင်းအထန်နာကျင်စေတဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။
2016-10-12
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးမှာ ဆရာဆရာမတွေရဲ့ ဘဝအခက်အခဲတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-10-12
မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ ထောင်ပိုင်ကို အလိုမရှိကြောင်း အကျဉ်းသားတွေက ဆန္ဒပြကြတဲ့အတွက် ထောင်ပိုင်ကို ယာယီတာဝန်ရပ်စဲထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုး က ပြောပါတယ်။
2016-10-12
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Bert Koenders ဘာ့တ် ခိုအင်းဒါးစ် ဟာ မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီး ဝန်ကြီးချုပ် ဦးညီပု ဦးဆောင် တဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2016-10-11
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင် ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီ ယားက ရခိုင်ပြည်နယ်မြောက်ပိုင်း မှာ အောက်တိုဘာ ၉ ရက်နေ့က အမျိုးအမည်မသိရတဲ့ အကြမ်းဖက်အုပ်စုတွေရဲ့ တိုက်ခိုက်မှုရဲ့ အကျိူး သက်ရောက်မှုအဖြစ် အစိုးရလုံခြုံရေး အဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် အထူးစိုးရိမ် ပူပန်ကြောင်း ပြောကြားရင်း ရခိုင်ပြည်နယ်ရှိ ဘာသာမတူ လူမျိုးကွဲပြားတဲ့ ဒေသခံ ပြည်သူလူထုအနေနဲ့ အခုအချိန်မှာ အသိုင်းအဝန်းတခုက တခြားတခုအပေါ် ပစ်မှတ်ထား ရန်ရှာမှုတွေကို ရှောင်ကျဉ်ပြီး အတတ်နိုင်ဆုံး သည်းခံကြ ပါလို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
2016-10-11
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းကိုင်မြို့နယ်က ဘိန်းဖြတ်စခန်းကို တပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ တာဟာ NCA စာချုပ်ကို ချိုးဖောက်တာဖြစ်တယ်လို့ RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်း က ပြောပါတယ်။
2016-10-11
ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်မှာ ဆိုင်ကယ်တွေ မောင်းနှင်နိုင်မယ့်နေရာတွေ ကန့်သတ်ပေးဖို့နဲ့ လိုက်နာမှုမရှိရင် ထိထိရောက်ရောက် အရေးယူပေးဖို့ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒီနေ့ အဆိုတင်သွင်းခဲ့ပါတယ်။
2016-10-11
ကယားပြည်နယ် ဘောလခဲမြို့နယ်မှာ ရှိတဲ့ စောလုံကျေးရွာအုပ်စုအတွင်းက ပွန်ချောင်းမှာ တည်ဆောက်မယ့် အထက်ဟော်ခမ်း ရေအား လျှပ်စစ်စက်ရုံစီမံကိန်းအတွက် စမ်းသပ်တိုင်းတာနေတာတွေ ကို ရပ်တန့်ဖို့နဲ့စီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံ တစ်ထောင်ကျော်က ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2016-10-11
ရှမ်းပြည်နယ် တောင်ကြီးမြို့အခြေစိုက် ပအိုဝ်းတိုင်းရင်းသားဘာသာနဲ့ ထုတ်ဝေတဲ့ ခမ်းသားငေါဝ်းဂျာနယ် အယ်ဒီတာချုပ်နဲ့ အယ်ဒီတာတစ်ဦးကို ပင်လောင်းမြို့နယ် တရားရုံးက အသရေဖျက်မှုနဲ့ ဒဏ်ငွေ ကျပ် ၃ သောင်းစီပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက် ပါတယ်။
2016-10-11
မွန်ပြည်နယ် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာအနီးမှာရှိတဲ့ Long Life Aggregate Mining ကုမ္ပဏီဟာ ကျောက်ထုတ်လုပ်ခွင့် သက်တမ်းကုန်ဆုံးနေပေမယ့် ကျောက်တွေ ဆက်လက် ထုတ်နေတာကြောင့် ကျောက်မိုင်းရပ်တန့်ပေးဖို့နဲ့ ခွင့်ပြု ချက်မရှိဘဲ ကျောက်ထုတ်လုပ်နေတာကို အရေးယူပေး ဖို့ ဒေသခံ ၆၀၀ ကျော် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2016-10-11
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်မှာ နယ်ခြားစောင့် လုံခြုံရေးရဲစခန်းတွေ အကြမ်းဖက် တိုက် ခိုက်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ရဟတ်ယာဉ် ၅ စီးနဲ့ အဲဒီဒေသတစ်ခု လုံးမှာ စစ်တပ်အင်အားတွေ တိုးမြှင့်နေတယ်လို့ စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် လှမြင့်စိုးက ပြောပါတယ်။
2016-10-11
မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ အကျဉ်းသားတွေက ထောင်ပိုင်ကို အလိုမရှိကြောင်း ဒီနေ့မနက်က ဆန္ဒပြခဲ့ကြ ပါတယ်။