ဆိုင်ကယ် မောင်းနိုင်မယ့်နေရာတွေ သတ်မှတ်ပေးဖို့ အဆို တင်တဲ့အကြောင်း မေးမြန်း
2016.10.12
ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်မှာ ဆိုင်ကယ်စီးခွင့်ရှိမယ့်နေရာတွေ သတ်မှတ်ပေးဖို့နဲ့ လိုက်နာမှုမရှိရင် အရေးယူပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်းအဆိုကို ရန်ကုန်တိုင်းလွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီအဆိုကို တင်သွင်းတဲ့ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။