အထက်ဟော်ခမ်း ရေအား လျှပ်စစ်စီမံကိန်း ဘောလခဲဒေသ ခံတွေ ကန့်ကွက်


2016.10.11
ahtet-hawkhan-hydropower-protest-620.jpg ကယားပြည်နယ် ဘောလခဲမြို့မှာ အောက်တိုဘာလ ၁၁ ရက်နေ့က အထက်ဟော်ခမ်း ရေအားလျှပ်စစ်စက်ရုံစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြစဉ်
Photo: Nay Thwae/RFA

ကယားပြည်နယ် ဘောလခဲမြို့နယ်မှာရှိတဲ့ စောလုံကျေးရွာအုပ်စုအတွင်းက ပွန်ချောင်းမှာ တည်ဆောက်မယ့် အထက်ဟော်ခမ်း ရေအားလျှပ်စစ်စက်ရုံစီမံကိန်းအတွက် စမ်းသပ်တိုင်းတာနေတာတွေကို ရပ်တန့်ဖို့နဲ့ စီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံ တစ်ထောင်ကျော်က ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဘောလခဲခရိုင်က ဒေသခံတွေဟာ ပွန်ချောင်းကို မှီခိုအားထားနေရတာဖြစ်ပြီး ရေကာတာတည်ဆောက် မယ့် စောလုံနယ်မြေဟာ တချိန်က ကရင်နီစော်ဘွား နန်းစိုက်ခဲ့တဲ့ဒေသဖြစ်တဲ့အတွက် ကျန်ရှိနေတဲ့ သမိုင်းဝင် ရှေးဟောင်းအဆောက်အဦးတွေ ပျောက်ပျက်သွားမှာ စိုးရိမ်ကြောင်းလည်း ဆန္ဒပြသူတွေက ပြော ပါတယ်။

အထက်ဟော်ခမ်းစီမံကိန်းကို ရွှေတောင်လက်အောက်ခံ HITC စွမ်းအင်ရင်းနှီးမြုှပ်နံှမှုကုမ္ပဏီနဲ့ စကာၤပူနိုင်ငံက Trust စွမ်းအင်ရင်းနှီးမြုှပ်နှံမှုကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည်ဖော်မှာဖြစ်ပါတယ်။

အဲဒီစီမံကိန်းအတွက် ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ သဘောတူလက်မှတ်ရေး ထိုးခဲ့တာဖြစ်ပြီး ပထမအကြိမ် စမ်းသပ်မှုကို ပြီးခဲ့တဲ့မတ်လက စတင်ခဲ့ပါတယ်။

အဲဒီနောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က လက်မခံတာကြောင့် စမ်းသပ်မှုကို ရပ်စဲခဲ့တာဖြစ်ပါ တယ်။ပြီးခဲ့တဲ့စက်တင်ဘာလမှာတော့ KNPP ရဲ့ ခွင့်ပြုချက်နဲ့ ဒုတိယအကြိမ် စမ်းသပ်မှုလုပ်ငန်းတွေ ပြန်လည် စတင်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ ဘောလခဲခရိုင်အတွင်းက ဖားဆောင်း၊ ရွာသစ်၊ ချိကွဲ့၊ နန်းဖဲ စတဲ့ ကျေးရွာအုပ်စုတွေက ဒေသခံ တစ်ထောင်ကျော် ပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။