ဆိုင်ကယ် မောင်းနှင်နိုင်မယ့်နေရာ သတ်မှတ်ပေးဖို့ ရန်ကုန်တိုင်း လွှတ်တော်မှာ အဆိုတင်


2016.10.11
cycle-620.jpg ဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေကို တွေ့ရစဉ်
ဓါတ်ပုံ - ဦးကျော်ဇေယျ ဖေ့စ်ဘွတ်

ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်မှာ ဆိုင်ကယ်တွေ မောင်းနှင်နိုင်မယ့်နေရာတွေ ကန့်သတ်ပေးဖို့နဲ့ လိုက်နာမှုမရှိရင် ထိထိရောက်ရောက် အရေးယူပေးဖို့ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဒီနေ့ အဆိုတင်သွင်းခဲ့ပါတယ်။

ရန်ကုန်မြို့ စည်ပင်နယ်နိမိတ်အတွင်းမှာ ဆိုင်ကယ်စီးနင်းခွင့်မရှိတဲ့အတွက် ရဲဖမ်းတဲ့အခါ ဆိုင်ကယ်တွေ ထွက်ပြေးရင်း ယာဉ်တိုက်မှုတွေဖြစ်နေတဲ့အတွက် တရားဝင်သွားလာခွင့်ရှိတဲ့ နယ်နိမိတ်သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။

ဒေသန္တရအမိန့် ထုတ်ပြန်လိုက်ရင် ဆိုင်ကယ်ကယ်ရီ ဆွဲနေသူတွေအတွက်လည်း နယ်နိမိတ်သတ်မှတ်ချက်နဲ့ စည်းကမ်းအရ သွားလာခွင့်ရှိနိုင်မှာဖြစ်ပါတယ်။

အဲဒီအဆိုကို တိုင်းလွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပြီး လာမယ့် အောက်တိုဘာလ ၁၈ရက်နေ့ မှာ ဆွေးနွေးမှာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သွားလာနေတဲ့ ဆိုင်ကယ်အရေအတွက် ၂သိန်းကျော်ရှိပြီး တရားဝင် လိုင်စင်ရှိတဲ့အရေအတွက်ဟာ ၅သောင်းကျော်သာရှိတယ်လို့လည်း ဦးကျော်ဇေယျက ဆိုပါတယ်။

တရားဝင်ဆိုင်ကယ်စီးခွင့်မရှိတဲ့ လှိုင်သာယာမြို့နယ်မှာဆိုရင် ဆိုင်ကယ်စီးရေ ၁ သောင်း ၄ ထောင်ကျော်၊ မင်္ဂလာဒုံမြို့နယ်မှာ တစ်သောင်းဝန်းကျင်၊ ရွှေပြည်သာမြို့နယ်မှာ ၈ ထောင်ကျော်၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာ ၇ ထောင်ကျော်နဲ့ မြောက်ဥက္ကလာမြို့နယ်မှာ ၅ထောင်ကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။