ဆိုင်ကယ်စီးနင်းခွင့်နယ်မြေတွေ သတ်မှတ်ပေးဖို့အဆို ရန်ကုန်တိုင်း လွှတ်တော် အတည်ပြု


2016.10.25
yangon-parliament-620.JPG ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းခွင့်ရှိတဲ့နယ်မြေတွေ သတ်မှတ်ပေးဖို့အဆိုကို တိုင်းဒေသကြီး လွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။

အဆိုကို အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် ၂၀၁၇ နှစ်ဆန်းပိုင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ ထပ်ပြီးအဆိုပြုလိုက်တယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

အဲဒီအဆိုကို ရန်ကုန်တိုင်းဒေသကြီး အစည်းအဝေးမှာ ၁၀ဦးက ဆွေးနွေးကြရာမှာ ကန့်ကွက်သူတစ်ဦးရှိတဲ့ အတွက် မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုကို ထောက်ခံမဲ ၆၆ မဲ ကန့်ကွက်မဲ ၃၉ မဲ နဲ့ အနိုင်ရရှိခဲ့တာဖြစ် ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းသူတွေအနေနဲ့ အစိုးရအဖွဲ့က ထုတ်ပြန်မယ့် စည်းမျဉ်းစည်း ကမ်းတွေကို လိုက်နာရမှာ ဖြစ်ပြီး ဖောက်ဖျက်သူတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူရမယ်ဆိုတဲ့ အချက်တွေကိုလည်း အဆိုမှာထည့်သွင်းထားတယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းခွင့်နယ်မြေတွေ သတ်မှတ်ပေးဖို့ အဆိုကို အောက်တိုဘာလ ၁၁ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်မှာ ဒဂုံမြို့နယ် မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။