သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-07
ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန် အပိုင်း (၁၊၂၊၃) မြေနေရာ ပိုင်ဆိုင်မှုအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေသူတွေနဲ့ သပိတ်စခန်း အနီး မြစာရံအေးစေတီကို ခြံဝင်းခတ်ဖို့ ကြိုးစားသူတွေ ဒီနေ့မနက်က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေထဲက အမျိုးသမီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
2013-12-07
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် အရှေ့ တိုးတက်ရေးကုမ္ပဏီ East Group အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ထောင်ကျော် တစ်လနီးပါးကြာ ဆန္ဒပြနေတာဟာ အလုပ်ရှင်နဲ့ မနေ့က ပြေလည်မှု ရရှိသွားတယ်လို့ သိရပါတယ်။
2013-12-07
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းခံရတဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၉ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးအနီးမှာ တရုတ်နိုင်ငံအလံကို မီးရှို့ခဲ့တဲ့အတွက် ပြည်သူ့အကျိုးဆောင်ကွန်ရက်က နော်အုန်းလှကို မနေ့ညက ဒဂုံမြို့နယ်ရဲစခန်းက ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ လာရောက်ဖမ်းဆီးသွားခဲ့ တယ်လို့ သိရပါတယ်။
2013-12-07
"ပြောင်းလဲမှု မြန်ဆန်တဲ့ လူမှုအဖွဲ့အစည်းအတွင်းက အမျိုးသမီးများ" အမည်နဲ့ အမျိုးသမီး ညီလာခံတစ်ခုကို ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ဒီနေ့ စတင်ကျင်းပနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2013-12-07
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။ ဒီတစ်ပတ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်၊ ဦးဌေးဦး၊ ဦးဝီရသူ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါက်တာသန်းထွဋ်အောင်တို့ပြောကြားချက်တွေကို စုစည်းတင်ပြထားပါတယ်။
2013-12-07
ရန်ကုန်တိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အမှတ် ၆၇ ရပ်ကွက်က ဒေသခံတွေဟာ "ဧရာဝဏ်နဲ့ ရတနာ" အိမ်ရာစီမံကိန်းအတွက် ဖယ်ရှားပေးခဲ့ရတဲ့ မြေနေရာတွေမှာ ဆောက်လုပ်မယ့် လူနေတိုက်ခန်းတွေမှာ အရစ်ကျငွေပေးစနစ်နဲ့ နေထိုင်ခွင့်ရရှိရေးအတွက် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
2013-12-07
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ "ပြည်နယ်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး" ဦးစီးဌာနနဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးရမှု လျော့ပါးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-12-06
မြန်မာနိုင်ငံက ထွက်ခွာလာခဲ့ကြတဲ့ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေကို ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတွေက လူမှောင်ခိုဂိုဏ်းတွေဆီ ပို့ပေးနေတယ်ဆိုတဲ့ ရိုက်တာသတင်းဌာနရဲ့ အထူးဆောင်းပါးတစ်ပုဒ်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က ထိုင်းအစိုးရကို မနေ့က တိုက်တွန်းလိုက်ကြပါတယ်။
2013-12-06
ရခိုင်ပြည်နယ် ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေ ဦးစီးဌာန နဲ့ နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂ မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေးအစီအစဉ် UN-Habitat အပါအဝင် နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့အစည်းအချို့က ဦးဆောင်ပြီးတော့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ ပါးရေးဆိုင်ရာ အဆင့်မြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို စစ်တွေဟိုတယ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2013-12-06
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၇ ရပ်ကွက်က ဒေသခံတွေဟာ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သူတို့ကိုပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်ပေးဖို့ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့မှာရှိတဲ့ မဟာဗန္ဓုလ ပန်းခြံဘေးမှာ ၅ ကြိမ်မြောက် ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2013-12-06
ရခိုင်အမျိုးသားခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့မနက် ၉ နာရီမှာကျင်းပနေပြီး ပြည်တွင်းပြည်ပက ရခိုင်အမျိုးသားတွေ အားလုံးပါဝင်တဲ့ ရခိုင်အမျိုးသား ညီလာခံကျင်းပနိုင်ရေးနဲ့ နိုင်ငံရေးစားပွဲပေါ်မှာ အတူတကွ ပူးပေါင်းဆွေးနွေးနိုင်ဖို့ ကိစ္စတွေကို ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။
2013-12-06
ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ လမ်းလျှောက်ခဲ့ကြသူတွေကို ပုဒ်မ ၁၈ နဲ့ ထောင်ချ အရေးယူတာကို ကန့်ကွက်ရှုံ့ချတယ်ဆိုပြီး လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့က ရန်ကုန်မြို့၊ စမ်းချောင်း မြေနီကုန်းမှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
2013-12-06
၁၇နှစ်ကြာ ဘွဲ့ကြိုသင်တန်း တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကို ဒီဇင်ဘာလ ၅ ရက် မနေ့ကစလို့ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဘာသာရပ် ၂၀ ခု အပြင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကိုပါ ပထမဆုံးအနေနဲ့ ထည့်သွင်းသင်ကြားနေတယ်လို့ သိရပါတယ်။
2013-12-06
မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲရေး အတွက် ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ အေးရှားပလာဇာဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2013-12-06
ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေထဲ က ဒေသဖံ့ွဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ မြို့နယ် တစ်မြို့နယ်ကို သိန်းတစ်ထောင်စီ သုံးစွဲခွင့်ပြုထားတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတ က ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။