သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-09-09
ရခိုင်ပြည်နယ် မောင်တောမြို့ကနေ စတင်ခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှု ဖြစ်စဉ်တွေဟာ စက်တင်ဘာ ၈ ရက် မနေ့က ၃ လ ပြည့်မြောက်ခဲ့တဲ့အတွက် စစ်တွေမြို့ ဂြစ်ဖဘုန်းတော်ကြီးကျောင်းမှာ မနေ့က နေ့လည် ၁ နာရီမှာ ဝံလက် ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (ရခိုင်ပြည်နယ်)က ဦးဆောင်ပြီး ပဋိပက္ခတွေအတွင်း သေဆုံးသွားခဲ့ကြတဲ့ ရခိုင်လူမျိုး ၃၄ ဦးကို ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပခဲ့ပါတယ်။
2012-09-09
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လက်ပံတောင်းတောင် ပျောက်ကွယ် မသွားရအောင် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကို ဒီကနေ့ ဝတ်ပြု ဆုတောင်းဖို့ သွားရောက်ကြတဲ့ ဝက်မှေးရွာနဲ့ ရွှေလှေရွာက ရွာသား ၁၀၀ ကျော်ကို လမ်းတစ်ဝက် အရောက်မှာ အာဏာပိုင်တွေက မြစ်တဖက်ကို ဖြတ်ကူးခွင့်မပြုဘဲ တားဆီး ပိတ်ပင်လိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။
2012-09-09
မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုသမိုင်းဝင် ကိုလိုနီခေတ်လက်ရာ ရန်ကုန်မြို့က တရားလွှတ်တော် အဆောက်အအုံတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီ လွှဲပေးလိုက်တဲ့ကိစ္စကို အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ပြန်လည်ရုပ်သိမ်းပေးဖို့ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက်က ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြီး တိုက်တွန်းလိုက်ပါတယ်။
2012-09-09
ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်မှာ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ဘောင် ဖော်ဆောင်ရေး ဆွေးနွေးပွဲကို ဒီကနေ့ ပြုလုပ်ခဲ့ပြီး ကိုမင်းကိုနိုင်၊ ကိုဂျင်မီနဲ့ ကိုကိုကြီး(စမ်းချောင်း)တို့ သွားရောက် ဟောပြောခဲ့ကြပါတယ်။
2012-09-09
ဧရာဝတီတိုင်းက ရေဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ စက်တင်ဘာ ၇ ရက်နေ့က မကွေးမြို့မှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတအဖွဲ့ကို ကူညီခဲ့တဲ့ မကွေး ဒေသခံတွေကို အာဏာပိုင်တွေက စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ RFA က စုံစမ်း သိရပါတယ်။
2012-09-09
ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းလေ့လာဖို့ စစ်တွေမြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ်ဟာ ဒီကနေ့မှာ မွတ်ဆလင် ဒုက္ခသည်စခန်းတွေဖြစ်တဲ့ သက္ကယ်ပြင်၊ ဘောဒူဖအပါအဝင် စစ်တွေ အောင်မင်္ဂလာရပ်ကို သွားရောက် လေ့လာခဲ့ပါတယ်။
2012-09-09
ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က သတင်းစာနယ်ဇင်းဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး အစိုးရ ဖွဲ့စည်းထားခဲ့တဲ့ အမြုတေ စာနယ်ဇင်းကောင်စီ ပြန်လည်ဖွဲ့စည်းရေး အပါအဝင် စာနယ်ဇင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
2012-09-08
(၆၄) နှစ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ကယားပြည်နယ် ဒီမောဆိုမြို့နယ် နမ့်ပုလဲကျေးရွာမှာ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီက ဦးဆောင်ကျင်းပခဲ့ပါတယ်။
2012-09-08
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာ၀ ဘေးအန္တရာယ်တွေ အကြောင်း စီမံကိန်း အနီးအနား တစ်ဝိုက်က ကျေးရွာတွေ သိရှိ နားလည်လာအောင် ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်က မနေ့က လှည့်လည် ဟောပြောခဲ့တယ်လို့ သိရပါတယ်။
2012-09-08
ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ ပင်လုံညီလာခံ ပေါ်ပေါက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ထိုင်း-မြန်မာနယ်စပ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2012-09-08
မနက်ဖြန် ကျရောက်မယ့် (၇၃) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ် (၁၇) မြို့နယ်မှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းအသီးသီးက ဦးဆောင်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀) ကျော်အတွင်း အစည်ကားဆုံး ကျင်းပဖို့ စီစဉ်နေပါတယ်။
2012-09-08
တရုပ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ စစ်ဆေးရုံကြီးမှာ အသည်းအသန် နာမကျန်းဖြစ်နေတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ရွေတိဂုံဘုရားကို ဖူးမြော်လိုကြောင်း ပြောကြားတာကို ကြားသိရပြီးနောက် သမ္မတ ဦးသိန်းစိန်က သူ့ကို မြန်မာပြည်ပြန်လာဖို့ ဖိတ်ကြားလိုက်ပါတယ်။
2012-09-08
ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် အမှတ် (၄) မှာရှိတဲ့ ကိုးရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ်စက်ရုံက အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ်သမား ၁၀၀၀ ကျော်ရဲ့ တောင်းဆိုပွဲဟာ အဓိကတောင်းဆိုချက် ဖြစ်တဲ့ အခြေခံလစာကို အလုပ်ရှင်ဘက်က မတိုးပေးပေမယ့် တခြားတောင်းဆိုချက်နဲ့ အခွင့်အရေးတွေ အားလုံးနီးပါး ဖြည့်ဆည်း ပေးလိုက်တဲ့အတွက် အလုပ်သမားတွေဘက်ကသဘောတူ ကျေအေးပေးလိုက်တာကြောင့် ဆန္ဒပြပွဲကို အဆုံးသတ်လိုက်ပြီလို့ အလုပ်သမား ကိုယ်စားလှယ် တစ်ဦးက RFA ကို ပြောပါတယ်။
2012-09-08
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ်နေရာက ပါဝင်သရုပ်ဆောင်မယ့်သူ ရွေးချယ်ပွဲကို ဒီကနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ ဦးဝိစာရလမ်းထောင့်မှာရှိတဲ့ ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။
2012-09-08
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဦးဆောင် ကျင်းပခဲ့တဲ့ စေတနာဝသန် ဂီတဖျော်ဖြေပွဲက ရရှိငွေတွေနဲ့ ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းပေါ်မှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ ဒီကနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့ပါတယ်။