သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-06-03
ရခိုင်တိုင်းရင်းသား ဘာသာစာပေ၊ ဝတ်စားဆင်ယင်မှုနဲ့ ယဉ်ကျေးမှု မပျောက်ပျက်ရအောင် ထိန်းသိမ်းဖို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပထမအကြိမ် ညီလာခံမှာ ဆွေးနွေးခဲ့ပါတယ်။
2012-06-03
(၂၄) နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံခရီးစဉ် ပြီးဆုံးသွားပြီး ဒီကနေ့ မနက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာပါတယ်။
2012-06-02
ထိုင်းအစိုးရဟာ မြန်မာအစိုးရနဲ့ ဆက်ဆံရေးထိခိုက်မှာ စိုးရိမ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်စခန်း ခရီးစဉ်မှာ အကန့်အသတ်တွေ ချမှတ်ခဲ့ကြောင်း နယူးယောက်တိုင်း သတင်းစာက ဖော်ပြလိုက်ပါတယ်။
2012-06-02
မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ရာနှုန်းပြည့် ထောက်ခံပြီး၊ အရပ်သားအစိုးရရဲ့အမိန့်ကို ဆက်လက်နာခံ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက စနေနေ့က ပြောကြားလိုက်ပါတယ်။
2012-06-02
ရန်ကုန် လှိုင်သာယာနဲ့ ရွှေပြည်သာ စက်မှုဇုန်တွေမှာရှိတဲ့ ပုဂ္ဂလိကစက်ရုံ (၂၀) ကျော်က အလုပ်သမားတွေဟာ အခြေခံလစာ တိုးမြှင့်ရေးအတွက် မိမိတို့ စက်ရုံအသီးသီးမှာ ဆက်လက်ဆန္ဒပြ နေကြရာမှာ ခြိမ်းခြောက်ခံလာရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
2012-06-02
သြစတြေးလျ နိုင်ငံက မြန်မာနိုင်ငံမှာ စွမ်းအင် ရှာဖွေရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံရေးအတွက် ပြည်ပနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်လိုကြောင်း သြစတြေးလျဝန်ကြီး က အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံမှာ မနေ့က ပြောပါတယ်။
2012-06-02
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်သွားမယ် ဆိုရင် အမေရိကန် အနေနဲ့ မြန်မာနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Leon Panetta က ဒီကနေ့ပြောပါတယ်။
2012-06-02
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို သွားရောက်ရာမှာ လူထောင်ပေါင်း များစွာက သူတို့ရဲ့ တိုင်းရင်းသား ရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီး အလံတွေ ဝှေ့ယမ်း ကြိုဆိုကြပါတယ်။
2012-06-01
မြန်မာနိုင်ငံရဲ့ စီးပွားရေးနယ်ပယ်မှာ အမျိုးသမီးတွေ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခွင့် ရပေမဲ့ နိုင်ငံရေး နယ်ပယ်မှာတော့ ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
2012-06-01
ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တွေအတွက် " ဒီမိုကရေစီ၊ ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ နိုင်ငံရေးပါတီများ အရည်အချင်း မြှင့်တင်ရေး" ခေါင်းစဉ်နဲ့ ဒီမိုကရေစီရေးဆိုင်ရာ မူဝါဒတွေ အကြောင်း ၆-ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းက တော်ဝင်နှင်းဆီခန်းမမှာ မနေ့က စတင် ကျင်းပခဲ့ပါတယ်။
2012-06-01
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် အလုပ်လက်မဲ့တွေ များပြားနေတဲ့အတွက် လူငယ်တွေကို အလုပ်အကိုင် အခွင့်အလမ်းပေးနိုင်မယ့် ရင်းနှီး မြှုပ်နှံမှုမျိုးဖြစ်ဖို့ လိုအပ်ကြောင်း၊ မြန်မာပြည်သူတွေ ပါဝင်နိုင်ဖို့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ လုပ်နိုင်ကိုင်နိုင်စွမ်း အခွင့်အရေးတွေ ဖန်တီးပေးဖို့ လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2012-06-01
မြန်မာနိုင်ငံ ဥပဒေရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပွဲ တရပ်ကို မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်အဖွဲ့က ဦးစီးပြီး ဒီကနေ့ညနေပိုင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
2012-06-01
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်မှု ထိန်းချုပ်ထားတာတွေကို သီတင်းပတ် အနည်းငယ်အတွင်း ရပ်စဲပေးတော့မယ်လို့ မြန်မာနိုင်ငံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-06-01
လှိုင်သာယာစက်မှုဇုန် (၄) မှာရှိတဲ့ အာရှ ဖူဂျီ အထည်ချုပ်စက်ရုံက အလုပ်သမားတွေ စက်ရုံတွင်းမှာ လုပ်ခလစာတိုးပေးဖို့ အပါအဝင် ကျန်းမာရေးကြောင့် အလုပ်မဆင်းနိုင်တာကို ပိုက်ဆံမဖြတ်ဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့တာကို စက်ရုံတာဝန်ရှိသူတွေဘက်က ဆွေးနွေးညှိနှိုင်းတာမျိုး မလုပ်ဘဲ ရဲနဲ့ဖမ်းမယ်လို့ ခြိမ်းခြောက် ပြောဆိုလာလို့ အလုပ်သမား (၂၀၀) လောက်က မနေ့က ညနေပိုင်းကစလို့ အလုပ်မဆင်းဘဲ စက်ရုံရှေ့ထွက်ပြီး ဆန္ဒပြနေတယ်လို့ စုံစမ်းသိရပါတယ်။
2012-06-01
ရန်ကုန်တက္ကသိုလ် နယ်မြေ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တွေ ဦးဆောင်ပြီး ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီကို အလုပ်အမှုဆောင် (၁၉) ဦးနဲ့ ဒီကနေ့ စတင်ဖွဲ့စည်း လိုက်ကြောင်း သိရပါတယ်။