ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်း

ရန်ကုန်တက္ကသိုလ် နယ်မြေ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တွေ ဦးဆောင်ပြီး ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီကို အလုပ်အမှုဆောင် (၁၉) ဦးနဲ့ ဒီကနေ့ စတင်ဖွဲ့စည်း လိုက်ကြောင်း သိရပါတယ်။

2012.06.01
student-union-b305 ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့၊ HOME မီဒီယာစင်တာ တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ ကိုစည်သူမောင် ရှင်းလင်းပြောကြားနေစဉ်။
Photo: RFA

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ အခုလို ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က HOME မီဒီယာ စင်တာမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း အခုဖွဲ့စည်းလိုက်တဲ့ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ
ကိုဒီငြိမ်းလင်းက  ပြောပါတယ်။

" အဓိက ကတော့ ကျွန်တော်တို့ ဒီကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်၊ အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွှတ်မြောက်လာသော ကျောင်းသားများ ကျောင်းပြန်တက်ခွင့်ရရေးနဲ့ ပတ်သက်လို့ ရှင်းလင်းတယ်။ ဒီကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့် ရဖို့အတွက် ကျွန်တော်တို့ ပြောကြတယ်။ ကျွန်တော်တို့တွေ ဘာကြောင့် ဒီသမဂ္ဂတွေ ဖွဲ့စည်းဖို့ လိုအပ်သလဲ ပေါ့နော်၊ ကျောင်းသားသမဂ္ဂတွေ နိုင်ငံနဲ့အဝှမ်းမှာ ပြန်လည် ပေါ်ထွန်းလာဖို့အတွက်ကို ကျွန်တော်တို့က ရည်ရွယ်တယ်။ လက်ရှိ ဖွဲ့စည်းထားတဲ့ သမဂ္ဂတွေကို ချိတ်ဆက်ဖို့ လုပ်ဆောင်နေပါတယ်။ အဲဒီအပိုင်းတွေကို ကျွန်တော်တို့ ရှင်းပြပေးတာပါ"

ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှာ ကိုဒီငြိမ်းလင်းက ဥက္ကဋ္ဌ၊ ကိုစည်သူမောင် က ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှာ ဖွဲ့စည်းထားတဲ့ ကျောင်းသားသမဂ္ဂတွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

သင့်တော်တဲ့ မကြာခင်ကာလမှာ ကျောင်းသားညီလာခံတရပ် ခေါ်ယူကျင်းပဖို့ရှိပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်ဆောက်လုပ်ခွင့် ရရေးအတွက် သမ္မတထံ တောင်းဆိုသွားမယ်လို့လည်း သိရပါတယ်။

အသေးစိတ်ကို ကိုဒီငြိမ်းလင်းနဲ့   RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်ရဲ့ ဆက်သွယ်မေးမြန်းချက်မှာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။