သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-17
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တဝိုက်မှာ အထပ်မြင့်အဆောက်အဦးတွေ ဆောက်လုပ်မယ့် ဒဂုံစီတီး Dagon City စီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင် ကြောင်း ရွှေတိဂုံစေတီတော်ကို ကယ်တင်ပါ "Save The Shwedagon" ဆွေးနွေးပွဲမှာ ပညာရှင်တွေ က ပြောပါတယ်။
2015-05-17
ပုဒ်မ ၅၉ (စ)ဟာ မိမိကိုဦးတည်ပြီး ထည့် သွင်းထားတဲ့ ပုဒ်မဆိုတာသိနေ တာကြောင့် ပြင်ဆင်ပေးဖို့ တောင်းဆိုနေရတာကိုက မျက်နှာပူစရာဖြစ်နေကြောင်း၊ နိုင်ငံရေးအရ ပြင်ဆင်ရမယ် လို့ ပြည်သူတွေက တောင်းဆိုလာတယ်ဆိုရင် အဲဒီ့ပုဒ်မ ကို ပြင်ဆင်နိုင်ဖို့ အရှိန်အဟုန်မြှင့်ပြီး လုပ်ဆောင်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2015-05-17
ဘာသာမတူ လူမျိုးမတူသူတွေကြားမှာ ချစ်ခင်ရင်းနှီး စွာ နေထိုင်နိုင်တယ်ဆိုတာကို အများသိစေဖို့ အတွက် ဘာသာပေါင်းစုံက လူငယ်၂ဝ နီးပါး စုပေါင်းပြီး ဒီနေ့ ကန်တော်ကြီးပန်းခြံမှာ သီချင်း ဆိုတာတွေ၊ ဂိမ်းကစားတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
2015-05-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာရှိတဲ့ ဓနသဟာယ စစ်သချိုၤင်းအနီးက ကြာကန်ဘောလုံး ကွင်းမှာ မြို့ခံတွေနဲ့တွေ့ဆုံပြီး မိန့်ခွန်းပြောကြားခဲ့ ပါတယ်။
2015-05-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ် ကွက်မှာရှိတဲ့ အထက ၂ ဘောလုံးကွင်းမှာ ဒီနေ့ ညနေက မြို့ခံတွေနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောခဲ့ သလို နေ့လည်ပိုင်းမှာ သထုံမြို့မှာလည်း ဒေသ ခံတွေနဲ့ တွေ့ဆုံစကား ပြောကြားခဲ့ပါတယ်။
2015-05-17
ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံနေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ အမုန်းတရား ပွားများစေမယ့် အကြောင်းအရာတွေကို ရှောင်ရှားနိုင်ဖို့ အတွက်ရည်ရွယ် ပြီး မြန်မာ-အမေရိကန် ချစ်ကြည်ရေး အသင်းက "ကွဲပြားစုံလင်မှုတို့ ပေါင်းစုံခြင်း" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို မန္တလေးမြို့မှာ ကျင်းပနေပါတယ်။
2015-05-16
ဒီတစ်ပတ် RFA တနင်္ဂနွေစကားဝိုင်းမှာ တရုတ်ပြည် က မြန်မာ့စီးပွားရေးအပေါ် ခေါင်းပုံဖြတ်အမြတ် ထုတ်နေမှုကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုး က ဆက်လက်တင်ပြပါလိမ့်မယ်။
2015-05-16
ဘင်္ဂလားဒေ့ရ်ှနဲ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေ တင်ဆောင်ထားတဲ့ သင်္ဘောတစင်းဟာ ထိုင်းနိုင်ငံကမ်းရိုးတမ်းတနေရာကို မနေ့က စနေနေ့မှာရောက်သွားပေမယ့်၊ ထိုင်းရေတပ် က ပြန်မောင်းထုတ်လိုက်လို့ မလေးရှားကမ်းခြေတစ်ခု ကို ရောက်သွားတယ်လို့ သိရပါတယ်။
2015-05-16
ထိုင်းနိုင်ငံတောင်ပိုင်း ချန်ဖုန်ခရိုင်၊ ထာဆေးမြို့နယ်၊ ထမ်ဘွန်ဟင်းကဲရောက် ရွာသူကြီးကို မြန်မာနိုင်ငံသား ၇၄ ယောက် လူမှောင်ခိုမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးလိုက်တယ် လို့ The Nation သတင်းစာမှာ ဒီနေ့ ဖော်ပြလိုက်ပါတယ်။
2015-05-16
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံ မှာ လေးနှစ်အရွယ် ကလေးသေဆုံးမှုနဲ့ပတ်သက်ပြီး မကျေနပ်တဲ့ ဒေသခံ ၂ဝဝ ကျော်လောက်က ပခုက္ကူမြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။
2015-05-16
သတင်းမီဒီယာသမားတွေအပေါ် ဖိနှိပ်မှုရပ်တန့်ဖို့နဲ့ ဥပဒေနဲ့ အညီ အကာအကွယ်ပေးဖို့အတွက် တောင်းဆိုခဲ့တဲ့ သတင်းထောက်တွေထဲက မြန်မာဂျာနယ်လစ်ကွန်ရက်အဖွဲ့ဝင် မရွှေမှုန်ကို ကျောက်တံတားမြို့နယ် ရဲစခန်းက ပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်ပါတယ်။
2015-05-16
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး နဲ့ မြန်မာ-အမေရိကန် ချစ်ကြည်ရေး အသင်းက ကြီးမှူးပြီး "ကွဲပြားစုံလင်မှုတို့ ပေါင်း စုံခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံမှာ လူမျိုးဘာသာပေါင်း စုံ အတူယှဉ်တွဲနေထိုင်ခြင်းရဲ့ ကောင်းကျိုးတွေကို မန္တလေး မြို့က ဂျက်ဖာဆင်စင်တာမှာ ဆွေးနွေးနေကြပါတယ်။
2015-05-16
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အကြမ်းဖက်သမားတွေ ဝင်ရောက် လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဒီရက်ပိုင်းတွေ အတွင်း လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ စစ်ဘက် လုံခြုံရေးအရာရှိတစ်ဦးက ပြောပါတယ်။
2015-05-16
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ နဲ့ ရွေးကောက်ပွဲလွန် ကာလတွေ မှာ နိုင်ငံတည်ငြိမ်မှုရှိဖို့အတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ပွဲလို နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲတွေကို မကြာခဏကျင်းပဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစိုးရကို တိုက်တွန်းပြော ကြားလိုက်ပါတယ်။
2015-05-16
ရှမ်းပြည်မြောက်ပိုင်းက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ- လောက်ကိုင်မှာ အရေးပေါ် အခြေ အနေ ကြေညာထားတာကို နောက်ထပ်ရက်ပေါင်း ၉ဝ တိုးမြှင့်ဖို့ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။