မျိုးဆက်သစ် ငြိမ်းချမ်းရေးဖော်ဆောင်သူဆုရှင် မဝေဝေနုနဲ့ မေးမြန်းချက်

0:00 / 0:00

ဘာသာမတူ လူမျိုးမတူသူတွေကြားမှာ ချစ်ခင်ရင်းနှီးစွာ နေထိုင်နိုင်တယ်ဆိုတာကို အများသိစေဖို့အတွက် ဘာသာပေါင်းစုံက လူငယ်၂ဝ နီးပါးစုပေါင်းပြီး ဒီနေ့ ကန်တော်ကြီးပန်းခြံမှာ သီချင်းဆိုတာတွေ၊ ဂိမ်းကစားတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီလှုပ်ရှားမှုတွေကို "My Friends" လို့ နာမည်ပေးထားပြီး မြန်မာတစ်နိုင်ငံလုံးမှာ ဆက်တိုက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ လှုပ်ရှားမှုမှာပါဝင်တဲ့ မျိုးဆက်သစ် ငြိမ်းချမ်းရေးဖော်ဆောင်သူဆုရှင် မဝေဝေနုကို RFA သတင်းထောက် မဝေမာထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။