သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-16
ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်တော်၊ မြေပုံ စတဲ့ မြို့နယ်သုံးခုမှာ ကနဦးအနေနဲ့ IDP ကယ်ဆယ်ရေးစခန်း ၃ ခုကို ပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေး စတင်ပြင်ဆင်နေပြီလို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီက ပြောပါတယ်။
2018-04-16
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ဒီနှစ်သြင်္ကန်ကာလအတွင်း မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ မုံရွာပြည်သူ့ဆေးရုံကြီးကို အကြိုနေ့က ၈၅ ယောက်၊ အကျနေ့က ၈၈ ယောက်နဲ့ အကြတ်နေ့မှာ ၈၆ ယောက် ရောက်လာပြီး ထိခိုက်မှု အများဆုံးနှစ်ဖြစ်တယ်လို့ မုံရွာမြို့ ကရုဏာမြင့်မိုရ် လူမှုကူညီရေးအသင်း က ပြောပါတယ်။
2018-04-16
ဒီနေ့ သြင်္ကန်အတက်နေ့မှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ဖွဲ့စည်းထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အသင်းရဲ့ စင်ပေါ်ဖျော်ဖြေတင်ဆက်မှုတွေ ရုပ်သိမ်းခံရပြီး မြေဝိုင်းဖျော်ဖြေမှုတွေကို အုပ်ချုပ်ရေးအဖွဲ့တွေက တားမြစ်တာတွေရှိခဲ့ပါတယ်။
2018-04-16
ဗြိတိန်နိုင်ငံမှာ ၂၀၁၅ ကစပြီး ကုန်တိုက်တွေမှာ တခြားဥရောပနိုင်ငံတွေလို ပလတ်စတစ်အိတ်ဖိုး ကောက်လိုက်တဲ့အခါ သူ့ပင်လယ်ပြင်မှာ တခြား ပလတ်စတစ်အမှိုက်တွေရှိပေမယ့် အိတ်တွေတော့ နည်းသွားပါတယ်။ မြန်မာနိုင်ငံက တချို့ ကုန်တိုက်တွေမှာ ဒီစနစ်ကျင့်သုံးပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာအရ ပလတ်စတစ်အမှိုက်တွေ မရှင်းနိုင်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-04-16
ချင်းပြည်နယ် ထန်တလန်မြို့မှာ ပထမဆုံးအကြိမ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထုလုပ်ဖို့ မြို့နယ် စည်ပင်သာယာရေးကော်မတီက စီစဉ်နေတာကို ဒေသခံတွေက ကန့်ကွက်တာတွေ ရှိနေပါတယ်။
2018-04-16
ရွှေလက်ညှိုးကျောင်းသားသံချပ်အဖွဲ့ မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ မနေ့ညက ဖျော်ဖြေနေစဉ် မိနစ်၂၀ ကျော်လောက်မှာ ဆင်ဆာဖြတ်တောက်ထားတာတွေ ထည့်သွင်းပြီး သံချပ်ထိုးခဲ့တာကြောင့် မိုက်ပိတ်ခံလိုက်ရတယ်လို့ သံချပ်အဖွဲ့ဝင် ကိုသိုက်ထွေး က ပြောပါတယ်။
2018-04-16
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နယ်ခြားမျဉ်းမှာ နေထိုင်နေကြသူတွေထဲက အစ္စလာမ်ဘာသာဝင် ၅ ဦးဟာ မနေ့က တောင်ပြိုလက်ဝဲက ပြန်လည်လက်ခံရေးစခန်းကို ရောက်ရှိလာပါတယ်။
2018-04-15
စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင်၊ ရှမ်းနဲ့ ချင်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ နောက်နှစ်ရက်အတွင်း မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2018-04-15
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကဗျာဝကမ်းခြေမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူငယ်အဖွဲ့တွေ မနေ့ နေ့လည်ပိုင်းက ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရတယ်လို့ ကဗျာဝကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
2018-04-15
သြင်္ကန်အကြိုနေ့နဲ့ အကျနေ့တွေမှာ ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ရှိလာတဲ့ လူနာ စုစုပေါင်း ၃၀၀ ကျော်ရှိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူက ဒီနေ့ ပြောပါတယ်။
2018-04-15
"ဟိုထိုးဒီထိုးရွှေလက်ညိုးကျောင်းသားသံချပ်အဖွဲ့" မနေ့ညက မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ သြင်္ကန်သံချပ် ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ဆင်ဆာဖြတ်တောက်ထားတာတွေ ထည့်သွင်းပြီး သံချပ်ထိုးခဲ့ရာမှာ မိုက်ပိတ်ခံလိုက်ရတယ်လို့ သံချပ်အဖွဲ့ဝင် တစ်ဦးက ဒီနေ့ ပြောပါတယ်။
2018-04-15
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသွားကြရသူတွေထဲက မွတ်စလင်မိသားစုဝင် ၅ ဦးဟာ မနေ့က တောင်ပြိုလက်ဝဲက ပြန်လည်လက်ခံရေးစခန်းကို ဝင်ရောက်လာတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
2018-04-15
ကချင်ပြည်နယ်က ရှမ်းတိုင်းရင်းသားတွေရဲ့ ရိုးရာသြင်္ကန်ပွဲတော်ကို ဝိုင်းမော်မြို့နယ် ဟိုးတုံရပ်ကွက်က ဓမ္မောဘာသ ဘုန်းတော်ကြီး ကျောင်းမှာ ဧပြီလ ၁၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2018-04-15
ဧပြီလ ၁၄ ရက်နေ့ သြင်္ကန်အကျနေ့မှာ နှစ်စဉ်ထွက်နေကျ သံချပ်အဖွဲ့တွေဟာ မြို့နယ်အသီးသီးကို သွားပြီးဖျော်ဖြေခဲ့ကြပါတယ်။ စမ်းချောင်းမြို့နယ်မှာ ဖျော်ဖြေခဲ့ကြတဲ့ “ပြည်သူ့အသံအိုးဝေသံ” သံချပ်အဖွဲ့က... အစိုးရအနေနဲ့ တပ်မတော်ကို ထိန်းကြောင်းမှု အားနည်းနေတာတွေ၊ သတင်းမီဒီယာလွတ်လပ်ခွင့် အားနည်းနေတာတွေအပါအဝင် ခေတ်ရဲ့လိုအပ်ချက်တွေကို သံချပ်ထိုးခဲ့ကြပါတယ်။
2018-04-15
မြန်မာ့နှစ်ကူး သြင်္ကန်ပွဲတော်ရောက်တာနဲ့ ရေကစားတာနဲ့အတူ သံချပ်အဖွဲ့တွေကလည်း အပြိုင်အဆိုင် ဖျော်ဖြေကြပါတယ်။