“ပြည်သူ့အသံအိုးဝေသံ”
2018.04.15
ဧပြီလ ၁၄ ရက်နေ့ သြင်္ကန်အကျနေ့မှာ နှစ်စဉ်ထွက်နေကျ သံချပ်အဖွဲ့တွေဟာ မြို့နယ်အသီးသီးကို သွားပြီးဖျော်ဖြေခဲ့ကြပါတယ်။ စမ်းချောင်းမြို့နယ်မှာ ဖျော်ဖြေခဲ့ကြတဲ့ “ပြည်သူ့အသံအိုးဝေသံ” သံချပ်အဖွဲ့က... အစိုးရအနေနဲ့ တပ်မတော်ကို ထိန်းကြောင်းမှု အားနည်းနေတာတွေ၊ သတင်းမီဒီယာလွတ်လပ်ခွင့် အားနည်းနေတာတွေအပါအဝင် ခေတ်ရဲ့လိုအပ်ချက်တွေကို သံချပ်ထိုးခဲ့ကြပါတယ်။
RFA သတင်းထောက် ကိုအောင်သိင်္ခ တင်ပြထားပါတယ်။