ရွှေလက်ညှိုးသံချပ်အဖွဲ့ မိုက်ပိတ်ခံရတဲ့အကြောင်း မေးမြန်းချက်
2018.04.16
ရွှေလက်ညှိုးကျောင်းသားသံချပ်အဖွဲ့ မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ မနေ့ညက ဖျော်ဖြေနေစဉ် မိနစ်၂၀ ကျော်လောက်မှာ ဆင်ဆာဖြတ်တောက်ထားတာတွေ ထည့်သွင်းပြီး သံချပ်ထိုးခဲ့တာကြောင့် မိုက်ပိတ်ခံလိုက်ရတယ်လို့ သံချပ်အဖွဲ့ဝင် ကိုသိုက်ထွေး က ပြောပါတယ်။
ကိုသိုက်ထွေးကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။