သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-12
ကနီနဲ့ ယင်းမာပင်မြို့နယ်အစပ်က ကျေးရွာ ၁၁ ရွာကို စစ်ကောင်စီတပ် စီးနင်းခဲ့တာကြောင့် နေအိမ် ၄၀၃ လုံးမီးလောင်ခဲ့ပြီး အရပ်သား ခြောက်ဦး သေဆုံးခဲ့ပါတယ်။
2023-02-12
ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည်ထိပြီး အမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
2023-02-12
အာဏာသိမ်းမှုကို လက်မခံတဲ့အရပ်သား လက်နက်ကိုင်ခုခံပုန်ကန်မှုတွေဟာ တိုင်းပြည်ရဲ့ နေရာတိုင်းနီးပါးမှာ ပေါ်ပေါက်လာခဲ့ပါတယ်။
2023-02-12
အိုးဘိုအကျဉ်းထောင်မှာ ဖေဖော်ဝါရီ ၁၁ ရက်က အကျဉ်းသူ ၇၀ ကျော် ရိုက်နှက်ခဲ့ရတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-02-12
ရွှေဘိုမြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် နေအိမ် ၈၀ နီးပါး မီးလောင်ခဲ့ပြီး အရပ်သား တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2023-02-12
၂၀၂၂ ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ကြိုးပမ်းခဲ့ပေမယ့် တည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းကွာဝေးခဲ့တယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြည်ထောင်စုနေ့သဝဏ်လွှာမှာ ပြောဆိုထားပါတယ်။
2023-02-11
စစ်တပ်အာဏာသိမ်းပြီးနောက်မှာတောင် အမေရိကန်နဲ့ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးတချို့ဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လည်ပတ်နေကြောင်း ဂါးဒီးယန်းသတင်းစာက ဖော်ပြလိုက်ပါတယ်။
2023-02-11
စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပြင် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနဲ့ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီတို့ ပါတီတည်ထောင်ခွင့် တင်ထားပါတယ်။
2023-02-11
ကျွန်းလှမြို့နယ်၊ ကြာတကန်ရွာကို ဖေဖော်ဝါရီ ၁၁ ရက်မှာ စစ်ကောင်စီ မီးရှို့တာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-02-11
စစ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်ကောင်စီတပ်က နေအိမ် ငါးသောင်းခွဲကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။
2023-02-11
အရပ်သားတွေနဲ့ အစိုးရဝန်ထမ်းတွေ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီက ဒီနှစ် ဇန်နဝါရီလ ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းက လူမှုကွန်ယက်မီဒီယာမှာ ပျံ့နှံ့ခဲ့ပါတယ်။
2023-02-11
ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် အရပ်သား တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2023-02-10
ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ မလေးရှားဝန်ကြီးချုပ်က… စစ်တပ်အာဏာသိမ်းမှုဒဏ် ခံနေရတဲ့ မြန်မာပြည် တည်ငြိမ်ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ထိုင်းနိုင်ငံအနေနဲ့ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။
2023-02-10
စစ်ကောင်စီက မြို့နယ် ၃၇ မြို့နယ်ကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။ ဒီလိုကြေညာလိုက်တဲ့အတွက် အဲဒီဒေသတွေက ပြည်သူတွေအနေနဲ့ စစ်ရေးအရှိန်မြင့်လာနိုင်မယ့် အခြေအနေတွေ ကြုံလာရနိင်သလို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေဟာလည်း ပိုကြုံတွေ့လာနိုင်ပါတယ်။
2023-02-10
"မှောင်မိုက်တဲ့ ဥမင်လှိုဏ်ခေါင်းရဲ့ အဆုံးမှာ အလင်းရောင်ဆိုတာရှိနေတယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာယုံကြည်ပါတယ်" လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောပါတယ်။