ရွှေကျင်မှာ လက်နက်ကြီးကျည် ထိမှန်လို့ အမျိုးသမီးသုံးဦး ဒဏ်ရာရ

RFA Burmese
2023.02.12
ရွှေကျင်မှာ လက်နက်ကြီးကျည် ထိမှန်လို့ အမျိုးသမီးသုံးဦး ဒဏ်ရာရ ပဲခူးတိုင်း ရွှေကျင်မြို့အဝင်စစ်ဆေးရေးဂိတ်ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Bago Weekly Journal

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာမှာ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ထိပြီး အမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေဟာ အသက် ၄၀ အရွယ် မညားဇူလိုင်၊ အသက် ၂၀ အရွယ် မဖြူစိုးအေးနဲ့ အသက် ၃၆ နှစ်အရွယ် မသန်းသန်းတို့ ဖြစ်ပါတယ်။

ရွှေကျင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခမရ ၂၀ တပ်က ဖေဖော်ဝါရီ ၁၁ ရက်၊ မနက် ငါးနာရီဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေရှိတယ်ဆိုပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာထဲ pdf ရှိတယ်ဆိုပြီး အသံလွှင်ပြီးတော့ သက်သက်မဲ့ လုပ်ကြံဖန်တီးပြီးပစ်တာ။ သတင်းသိရတဲ့အချိန်က မနေ့က ညနေ သုံးနာရီမှာ ညောင်လေးပင်ဆေးရုံ တင်ထားပါတယ်"

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီ ပဲခူးတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

RFA ရဲ့စာရင်းတွေအရ ၂၀၂၂ ခုနှစ် သြဂုတ်လကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၁၈ ဦး သေဆုံးခဲ့ပြီး ၅၉၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။