သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-16
ပြည်ပရောက် မြန်မာတွေအနေနဲ့ ဝင်ငွေတွေကို ဘဏ်ကတစ်ဆင့် မြန်မာပြည်ပြန်လွှဲမယ်ဆိုရင် လျှပ်စစ်ကားနဲ့ ဆိုင်ကယ် တင်သွင်းခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ စီးပွား/ကူးသန်း ဝန်ကြီးဌာနက ဆိုပါတယ်။
2023-10-16
ခင်ဦးမြို့နယ် ညောင်ပင်ကြီးစုရွာမှာ အမျိုးသားတစ်ဦး အသတ်ခံရပြီး နောက်ထပ်အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ဒဏ်ရာရသွားပါတယ်။
2023-10-16
“ရှေ့တန်းမှာ အသုံးမပြုဘူးဆိုရင်တော့ အဲဒီပြည်သူ့စစ်တွေကို လက်နက်ကိုင်ဖို့ လက်နက်ချပေးဖို့ သူလည်း ပေါ်လစီရှိမှာမဟုတ်ဘူး”
2023-10-16
မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုခေါထာရွာမှာ မြန်မာနိုင်ငံသားတစ်ဦးကို သိန်းပေါင်း တစ်သောင်းခွဲကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁၅ ကီလိုဂရမ်နဲ့အတူ အာသံရိုင်ဖယ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
2023-10-15
စစ်ကောင်စီ လက်ထဲကို လက်နက်တွေ အဆက်မပြတ် ရောက်ရှိနေတာဟာ အကြမ်းဖက်မှုတွေကို ပိုမိုဆိုးရွားစေပြီး ပြည်သူတွေ ဆင်းရဲဒုက္ခတွေ ပိုများစေတာကြောင့် ဒီလိုလက်နက်တွေ မရောက်အောင် နိုင်ငံတကာအနေနဲ့ တားဆီးပေးဖို့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) က တောင်းဆိုလိုက်ပါတယ်။
2023-10-15
MOU စနစ်နဲ့ ထိုင်းနိုင်ငံကိုထွက်ခွာပြီး အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေဟာ စာချုပ်အတိုင်း အလုပ်လုပ်ခွင့်မရလို့ အခက်အခဲဖြစ်ပြီး ဒုက္ခရောက်ကြရတဲ့ အလုပ်သမားတွေ အများအပြားရှိနေပါတယ်။
2023-10-15
အခုအချိန်မှာ ခေတ်ပေါ်ပစ္စည်း အများကြီးရှိနေတာကြောင့် ရိုးရာစက္ကူမီးပုံးတွေ ခေတ်ကုန်သွားနိုင်မလားဆိုတော့ ဒီလိုမဖြစ်လာနိုင်ဘူးလို့ ကိုကျော်ကျော်တို့ သားအမိက အခိုင်အမာပြောပါတယ်။
2023-10-15
ပြင်သစ်နိုင်ငံက ထင်ရှားတဲ့ Bayeux စစ်မြေပြင်သတင်းထောက်ဆုကို ဟေတီ၊ မြန်မာ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ ယူကရိန်းက ပဋ္ဋိပက္ခတွေကို သတင်းရယူ၊ ရိုက်ကူးသူတွေ ဆွတ်ခူးရရှိသွားပါတယ်။
2023-10-15
ကိုးကန့်ဒေသမှာ အောက်တိုဘာ ၁၄ ရက်နေ့က (MNDAA) ကိုးကန့်အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးခဲ့တယ်လို့ The Kokang မီဒီယာက ထုတ်ပြန်ပါတယ်။
2023-10-15
မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသမှာ အောက်တိုဘာ ၁၃ ရက်က ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပြီးနောက် အဲဒီရွာက အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။
2023-10-15
NCA စာချုပ်မှာ လက်ရှိအချိန်ထိ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဆယ်ဖွဲ့ရှိနေပြီး ကျန်တိုင်းရင်းသားအဖွဲ့အစည်းတွေလည်း NCA မှာ လက်မှတ်ရေးထိုးကြဖို့ ဖိတ်ခေါ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြောပါတယ်။
2023-10-15
ခင်ဦးနဲ့ ရွှေဘိုမြို့နယ်က ရွာတွေကို အောက်တိုဘာ ၁၄ ရက်ကစပြီး စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ ဝင်ရောက်စီးနင်းနေလို့ ဒေသခံနှစ်သောင်းနီးပါး ထွက်ပြေးနေရပါတယ်။
2023-10-15
ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ တော်လှန်ရေးကို အောင်မြင်တဲ့အထိ ဦးဆောင်တိုက်ပွဲဝင်သွားမယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက အောက်တိုဘာ ၁၅ ရက် ဒီနေ့မှာ ပြောပါတယ်။
2023-10-15
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် - ၁၉ ကာလကတည်းကစပြီး မကျင်းပတော့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသရဲ့ ဖောင်တော်ဦးဘုရားပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ စတင်ကျင်းပနေပါတယ်။
2023-10-15
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ညောင်ဝန်းရွာခံတစ်ဦးနဲ့ အလည်လိုက်လာသူတစ်ဦးကို အောက်တိုဘာ ၁၂ ရက်နေ့မှာ ပျူစောထီးအဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ပြောပါတယ်။