သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-12
ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သံတွဲမြို့နယ် အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့် ရှောက်ရေး အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးမြင့်မိုးနဲ့ ဦးသိန်းဝင်း တို့ နှစ်ဦးကို သံတွဲမြို့နယ် တရားရုံးက မနေ့က ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက် ပါတယ်။
2013-12-12
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အတွင်းမှာရှိတဲ့ ငှက်ချောင်း မွတ်စလင် ဒုက္ခသည်စခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက မီးလောင်ကျွမ်းခဲ့တာကြောင့် ဒုက္ခသည်တွေနေထိုင်တဲ့ ၈ ခန်းတွဲ တန်းလျားပေါင်း ၃၄ လုံး မီးလောင်ဆုံးရှုံး ခဲ့ကြောင်း ပေါက်တောမြို့နယ် ရဲအရာရှိတစ်ဦးက RFA ကို ပြောကြားပါတယ်။
2013-12-12
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊၂၊၃ မြေနေရာ ပြန် ရဖို့ သပိတ်စခန်းဖွင့် ဆန္ဒပြနေသူတွေဟာ ၃ လ အတွင်း မြေယာကိစ္စကို ကြိုးစားဖြေရှင်းပေးမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ကတိပေးခဲ့ တာကြောင့် ဒီနေ့သပိတ်စခန်းကို ရုပ်သိမ်းလိုက် ပါတယ်။
2013-12-12
ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ သင်တန်းတွေ ၁၇ နှစ်ကြာ ပိတ်ထားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကို ဒီဇင်ဘာလ ၅ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်သလို နယ်ဝေး ကျောင်းသူကျောင်းသားတွေကိုလည်း အဆောင်နေထိုင်ခွင့်ပေးနေပြီဖြစ်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-12-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံမှာ မြန်မာနိုင်ငံက ကျန်းမာရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့အထဲက တချို့ကို RFA ဝိုင်းတော်သား ဦးသစ်ဆင်းက ကောက်နှုတ်တင်ပြထားပါတယ်။
2013-12-12
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် သံတံတားကျေးရွာမှာ မွေးမြူရေးအစာ ထုတ်လုပ်တဲ့စက်ရုံက အနံ့ဆိုးတွေကို မခံနိုင်တဲ့ ဒေသခံရွာသားတွေနဲ့ ရွာကျောင်းဆရာတော်က ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ကန့်ကွက်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-12-12
ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလက ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်/ကျေးရုံးဖွင့်ပွဲကျင်းပဖို့ ပြင်ဆင်နေရင်း မတော်တဆ ဓာတ်လိုက်တဲ့အတွက် လက်နှစ်ဖက်စလုံး စွန့်လွှတ်ခဲ့ရတဲ့ NLD ပါတီဝင် ကိုဇင်မင်းဦးဟာ လက်အတုတပ်ဆင်ပြီး ပါတီတာဝန်တွေကို ဆက်လက်ထမ်းဆောင်နေပါတယ်။ ကိုဇင်မင်းဦးကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-12-12
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဥပဒေအထောက်အကူပြုအဖွဲ့က ဦးဆောင်ပြီး ဆွေးနွေးပွဲတစ်ခုကို စစ်တွေမြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
2013-12-11
မြန်မာနိုင်ငံမှာ မြွေအန္တရာယ်ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေ အောင်မြင်ပေမဲ့၊ ပြည်တွင်း မှာ မြွေဆိပ်ဖြေဆေး အလုံအလောက် မထုတ်လုပ်နိုင် တာကြောင့် သေဆုံးနှုန်း သိသိသာသာလျော့ကျမလာ ဘဲ ဖြစ်နေတယ်လို့ IRIN ကုလသမဂ္ဂ သတင်းဌာန က ပြောပါတယ်။
2013-12-11
မြန်မာ၊ အီရန်၊ ဆူဒန်နဲ့ ကျူးဘားတို့အပေါ် အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့အရေးယူခဲ့တာကို မလိုက်နာ ဖေါက်ဖျက်မှုနဲ့ RBS ခေါ် Scotland Royal Bank အပေါ် ဒေါ်လာ ၁၃၃ သန်း ဒဏ်ငွေချမှတ်လိုက်ကြောင်း အမေရိကန်အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။
2013-12-11
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသား ၄၁ ဦး လွတ်မြောက်လာ ခဲ့တဲ့အပေါ် ကုလသမဂ္ဂက ကြိုဆိုလိုက်ပါတယ်။
2013-12-11
ဒီနေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် ၁၃၀၀ ပြည့် ရေနံမြေသပိတ် စိန်ရတုအခမ်းအနားကို မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ကျင်းပခဲ့ပြီး ရေနံမြေသပိတ်ခေါင်းဆောင် အာဠာဝက သခင်ဘိုးလှကြီး ကြေးသွန်းရုပ်တုကို ဖွင့်လှစ်ဂါရဝပြုခဲ့ ကြပါတယ်။
2013-12-11
ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချူပ်နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ် ဘားအံခရိုင်က လေးဝါး ခေါ် လော်ခီးလာနယ်မြေမှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ ရဲ့ ဒုတိယအကြိမ် ညီလာခံကို မူလအစီအစဉ်အရ အခုလ ဒီဇင်ဘာလထဲမှာ ကျင်းပဖို့သတ်မှတ်ထားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လာမယ့်နှစ်ဆန်းပိုင်းမှပဲ ကျင်းပဖို့ ဒီကနေ့ ညီလာခံဖြစ်မြောက်ရေးအဖွဲ့က စည်းဝေးဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
2013-12-11
ရခိုင်ပြည်နယ်မှာ လူမှုရေး အကူအညီတွေပေးနေတဲ့ ဟော်လန်အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG(MSF) ဟာ မွတ်စလင်တွေကိုသာ ကူညီနေတဲ့အတွက် စစ်တွေမြို့ခံ ၃၀ လောက်ဟာ ဒီကနေ့မနက်ပိုင်းက စစ်တွေဆေးရုံကြီး ဝင်းထဲမှာ AZG(MSF) အဖွဲ့ကို အလိုမရှိကြောင်း ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
2013-12-11
လွှတ်တော်ကိုယ်စားလှယ်တွေ ငွေ ကျပ်သိန်း တစ်ထောင်အသုံးပြုပြီး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားတဲ့ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ်မထိုးပေးဘဲ ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။