၁၃၀၀ ပြည့်အရေးတော်ပုံ ၇၅ နှစ်မြောက်ပွဲ ချောက်မြို့မှာ ကျင်းပ
2013.12.11

ဒီနေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် ၁၃၀၀ ပြည့် ရေနံမြေသပိတ် စိန်ရတုအခမ်းအနားကို မကွေးတိုင်းဒေသကြီး ချောက်မြို့မှာကျင်းပခဲ့ပြီး ရေနံမြေ သပိတ်ခေါင်းဆောင် အာဠာဝက သခင်ဘိုးလှကြီး ကြေး သွန်းရုပ်တုကို ဖွင့်လှစ်ဂါရဝပြုခဲ့ကြပါတယ်။
၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု အခမ်းအနား အကြောင်းကို ကျင်းပရေးကော်မတီ (ချောက်မြို့) ဥက္ကဌ ဦးညိုဝင်းက RFA ကို အခုလို ပြောပါတယ်။
“မနက် ၇ နာရီမှာ သခင်ဘိုးလှကြီး ကြေးသွန်း ရုပ်တုကို ဖွင့်ပွဲကျင်းပပါတယ်ခင်ဗျ၊ ဒီကြေးသွန်းရုပ်တုဟာ ကြေးပိဿာချိန် ၂၁ဝ ရှိပါတယ်ခင်ဗျ”
ဒီနေ့ ချောက်မြို့က အခမ်းအနားကို သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီတွေက သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။
အလားတူ ၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနားကို မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေစုပေါင်းပြီး ချောက်မြို့မှာကျင်းပခဲ့သလို ရန်ကုန်မှာလည်း လာမယ့် ဇန်နဝါရီလထဲမှာ ၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနားကို ကျင်းပသွားမှာ ဖြစ်ပါတယ်။