စစ်တွေမှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကို ဆန့်ကျင်ဆန္ဒပြ


2013.12.11
msf-protest-305.jpg AZG(MSF)အဖွဲ့ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က စစ်တွေဆေးရုံ ကြီးဝင်းထဲမှာ ဆန္ဒပြနေကြသော ဒေသခံတချို့ကို တွေ့ရစဉ်
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်မှာ လူမှုရေး အကူအညီတွေပေးနေ တဲ့ ဟော်လန်အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG(MSF) ဟာ မွတ်စလင်တွေကိုသာ ကူညီနေတဲ့ အတွက် စစ်တွေမြို့ခံ ၃၀ လောက်ဟာ ဒီကနေ့ မနက်ပိုင်းက စစ်တွေဆေးရုံကြီးဝင်းထဲမှာ AZG(MSF) အဖွဲ့ကို အလိုမရှိကြောင်း ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက ်ဥက္ကဌ ဒေါ်ညိုအေးက RFA ကို အခုလိုပြောပါတယ်။

“AZG လုပ်တာမှန်သမျှ ဘင်္ဂါလီတွေပဲ အရေးတယူ ဂရုစိုက်လုပ်ပေးတယ်ပေါ့နော်၊ ကျမတို့ဒေသခံ တိုင်းရင်းသားလူမျိုးတွေကျတော့ သူတို့ရဲ့အရေးစိုက်ခြင်းမခံရဘူး၊ ဒါတွေက နှစ်ပေါင်း ၂ဝ ကျော်နေပြီ၊ ကျမတို့ သက်သေနဲ့ ချပြစရာအကြောင်းတွေ အများကြီးရှိတယ်၊ အဲဒါကြောင့်မို့ ကျမတို့က ကန့်ကွက်တာဖြစ်ပါတယ်”

စစ်တွေမြို့မှာ ရုံးစိုက်နေတဲ့ ဟော်လန်အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG(MSF) က မောင်တောမြို့နယ်က မွတ်စလင်အမျိုးသမီးတစ်ဦးကို စစ်တွေဆေးရုံကြီးကို လာပို့ရာမှာ စစ်တွေမြို့ခံတွေက ဆန္ဒပြခဲ့ကြတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တွေမြို့ AZG(MSF) ရုံး တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူတို့မှာ ပြန်လည်ပြောဆိုနိုင်ခွင့်မရှိကြောင်း ငြင်းဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။