သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-19
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရတဲ့ အဂတိအမှုတွေအတွက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ဒီဇင်ဘာလ ၁၉ ရက် ဒီနေ့ရုံးချိန်းမှာ အပြီးသတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-12-19
ရန်ကုန်မြို့ကနေ တစ်ဖက်ကမ်း ဒလမြို့ကို ပြေးဆွဲနေတဲ့ ချယ်ရီအမှတ် (၂) သင်္ဘောပေါ်မှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် မနေ့ညနေ ၆ နာရီဝန်းကျင်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တာကြောင့် ခရီးသည် ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီပေးခဲ့တဲ့အဖွဲ့တွေက ပြောပါတယ်။
2022-12-19
မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်ပို့ရောင်းချရာမှာ ဗြိတိန်ကုမ္ပဏီတွေ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပါဝင်ခြင်း မရှိအောင် ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့ ဗြိတိန်အခြေစိုက် Burma Campaign UK နဲ့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) အပါအဝင် ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၅၁၆ ဖွဲ့က ဒီဇင်ဘာ ၉ ရက်နေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးထံ စာရေးတောင်းဆိုခဲ့ပါတယ်။
2022-12-19
မကွေးတိုင်း၊ ပေါက်မြို့နယ်ကို ဒီဇင်ဘာလ ၆ ရက်ကစလို့ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး လုပ်နေပြီး ဒီဇင်ဘာလ ၁၉ ရက် ဒီကနေ့ အထိ ကျေးရွာရှစ်ရွာက နေအိမ် ၄၁၁ လုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-19
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ ဆော်တောရွာအနီး Type – 81 အမျိုးအစားလက်နက် ၄၉၉ လက်၊ ၎င်းကျည်အိမ် ၄၉၈ ခုနဲ့ အခြား ဆက်စပ်ပစ္စည်းတွေကို ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၁၈ ရက် မနေ့က ရက်စွဲနဲ့ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2022-12-19
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအပါအဝင် လူငယ် ၁၂ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ (က)/၃၄ လူသတ်မှုနဲ့ စွပ်စွဲပြီး စစ်ခုံရုံးက သေဒဏ်ချလိုက်ပါတယ်။
2022-12-19
ဒဏ်ရာရသူတွေဟာ အသက် ၁၈ နှစ်ကနေ ၄၀ ကျော်ကြား အရွယ်တွေဖြစ်ပြီး အမျိုးသား ၁၅ ဦးနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီး နှစ်ဦး ပါဝင်ပါတယ်။
2022-12-19
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ဒီဇင်ဘာလ ၁၆ ရက်ကနေ ဒီဇင်ဘာလ ၁၉ ရက် ဒီကနေ့အထိ သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာ ၁၂ ရွာက အရပ်သား ငါးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေ RFA ကို ပြောပါတယ်။
2022-12-18
ဒီဇင်ဘာလအတွင်း နမ့်ဆန့်မြို့နယ်အတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဟာ တအာင်းဒေသကို စစ်ကိုင်း၊ မကွေး၊ ကရင်နဲ့ ကရင်နီပြည်နယ်တွေနီးတူ လေကြောင်းစစ်ဆင်ရေး အင်အားအလွန်အကျွံသုံးပြီး ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်လို့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
2022-12-18
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာ သိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေမှာ ဒေသခံ ၈၁ ဦး သေဆုံးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှား သူများအဖွဲ့က ဒီဇင်ဘာလ ၁၈ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
2022-12-18
ဒီပဲယင်းမြို့နယ် အရှေ့ဘက်အခြမ်းက ရွာတွေကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ပစ်ခဲ့လို့ အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့ပြီး ညောင်လှ၊ ဝဲကြီး၊ ကံကုန်းနဲ့ သရက်တောရွာက ဒေသခံနှစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ဒီပဲယင်းဒေသခံတွေက ပြောပါတယ်။
2022-12-18
ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်တဲ့အနေနဲ့ စစ်ကောင်စီရဲ့ အကျဉ်းထောင်ဝန်ထမ်းတွေက အလုပ်ကြမ်းတွေပါ ခိုင်းနေတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားဝင်တွေက ပြောပါတယ်။
2022-12-18
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာရှိတဲ့ ရွာတွေကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၁၈ ရက် ဒီနေ့အထိ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ်တစ်ထောင်ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ထွက်ပြေးနေရသူတွေက RFA ကို ပြောပါတယ်။
2022-12-18
ကုန်းသာရွာဟာ ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့တာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုနေပြီး ဟူးမန်းရွာကတော့ လုံခြုံရေးအခြေအနေနဲ့ သွားလာရေးအခက်အခဲကြောင့် နေရပ်မပြန်နိုင်ကြသေးတာလို့ ဇယန်းကြီး ဘုန်းကြီးကျောင်းမှာ နေထိုင်နေရတဲ့ ဟူးမန်းရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
2022-12-18
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆိုင်မိုင်ရွာက တရုတ်လုပ်ငန်းရှင်တစ်ဦးရဲ့ သံကျောက်တူးဖော်တဲ့ လုပ်ကွက်ကို ဒီဇင်ဘာလ ၁၇ ရက် မနေ့မနက်ပိုင်း စစ်ကောင်စီတပ်က လေယာဉ်နှစ်စီးနဲ့ ဗုံးလေးလုံး လာကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။