သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-07
၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲတွေ လုပ်ခဲ့တဲ့၊ တပ်မတော်ကို ဝေဖန်ခဲ့တဲ့ စာရေးဆရာ၊ ရှေ့နေ၊ ကျောင်းသားနဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို တပ်မတော်က တရားစွဲနေတာဟာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မပြောရဲအောင် လုပ်နေသလို ဖြစ်နေတယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။
2019-11-06
ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလအတွင်း ဖမ်းမိတဲ့သူတွေ၊ မသင်္ကာလို့ စစ်ဆေးနေသူတွေထဲက ချင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကလွဲလို့ စစ်ဘက်နဲ့မသက်ဆိုင်သူတွေ အားလုံးကို လေးသုတ်ခွဲပြီး မနေ့က ပြန်လွှတ်ပေးလိုက်ပြီလို့ ရက္ခိုင့်တပ်တော် AA က ကြေညာပါတယ်။
2019-11-06
မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ တောင်ကိုရီးယားကုမ္ပဏီ ၁၀၀ လောက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ရွှေ့ပြောင်းတော့မယ်ဆိုပြီး ဘင်္ဂလားဒေ့ရ်ှသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
2019-11-06
အမေရိကန်စစ်ပြန်တွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ Free Burma Ranger (FBR) အဖွဲ့ဝင် ကချင်အမျိုးသား ဇော်ဆိုင်း Zau Seng ဆီးရီးယားစစ်မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတုန်း နိုဝင်ဘာ ၃ ရက်နေ့မှာ သေဆုံးသွားပါတယ်။
2019-11-06
နေပြည်တော်က ဗစ်တိုးရီးယား ၁၀ ကြိမ်မြောက် ရုံးချိန်းမှာ အရေးကြီး သက်သေပစ္စည်း တစ်ခုဖြစ်တဲ့ မူကြိုကျောင်းက လုံခြုံရေးရုပ်သံကင်မရာ မှတ်တမ်း ပါဝင်တဲ့ မူရင်း Hard disk ကို နည်းပညာ ကျွမ်းကျင်သူတစ်ဦး အကူအညီနဲ့ စစ်ဆေးရာမှာ ဗွီဒီယိုဖိုင်တွေ ပျောက်ဆုံးနေတာကို တွေ့ရပါတယ်။
2019-11-06
လွပ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက RFA ကိုအတည်ပြုပါတယ်။
2019-11-06
တရားခံပြေးအဖြစ် ကြေညာခံထားရတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးရမိပြီး ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့မှာ မြန်မာနိုင်ငံဘက် ခေါ်ဆောင်လာခဲ့ကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးချမ်းမြေ့စောက RFA ကို ပြောပါတယ်။
2019-11-06
AA အဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီးနောက် ဘူးသီးတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှာ စစ်ဆေးခံနေရသူအားလုံး ဒီနေ့ညနေ ၆ နာရီခွဲမှာ ပြန်လွတ်လာကြပြီလို့ မိသားစုဝင်တွေက ပြောပါတယ်။
2019-11-06
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ခေါ် NSCN-K လက်နက်ကိုင်အဖွဲ့မှာ ထိပ်တန်းတာဝန်ယူခဲ့ဖူးသူတွေ အပါအဝင် ၁၁ ဦးကို အိန္ဒိယဘက်က သူပုန်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် တရားရုံးက ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ပါတယ်။
2019-11-06
ရခိုင်ပြည်နယ် မြို့တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ မနေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည် ကျရောက်တဲ့ ကျေးရွာတချို့မှာ နေအိမ်တွေ မီးလောင်ခဲ့သလို အရပ်သား ထိခိုက်ဒဏ်ရာရမှုရှိတယ်လို့ သိရပါတယ်။
2019-11-05
နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး ICC ၂၀၁၈-၁၉ အစီရင်ခံစာကို ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ၂၆ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ ဒီလ ၄ ရက်နေ့က ဆွေးနွေးတဲ့ အခါ ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက အဆိုမူကြမ်းကို ပယ်ချလိုက် ပြီး အတည်ပြုမယ့် ICC အစီရင်ခံစာ ဆုံးဖြတ်ချက်နဲ့ မသက်ဆိုင်တဲ့အကြောင်း တရားဝင်မှတ်တမ်းတင်ဖို့ ပြောကြားပါတယ်။
2019-11-05
အမေရိကန်ပြည်ထောင်စုအခြေစိုက် Freedom House အဖွဲ့က နှစ်တိုင်းဖော်ပြနေတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အင်တာနက်သုံးစွဲမှုလွတ်လပ်ခွင့် အနိမ့်အမြင့်အခြေပြဇယားမှာ မြန်မာနိုင်ငံဟာ အင်တာနက်လွတ်လပ်မှု မရှိတဲ့စာရင်းထဲမှာ ဖော်ပြခံထားရပါတယ်။
2019-11-05
လယ်သမားတွေ၊ ရေလုပ်ငန်းလုပ်ကိုင်သူတွေ၊ ရေကြောင်းခရီးသွားလာနေရသူတွေအပါအဝင် ပြည်သူလူထုအများစု အဓိကထား မှီခိုနေရတဲ့ မိုးလေဝသသတင်းတွေကို ဖြန့်ဝေပေးနေတဲ့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကွယ်လွန်သွားတာဟာ တိုင်းပြည်အတွက်သာမက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ပါ အစားထိုးမရတဲ့ နစ်နာမှုဖြစ်သွားရပါပြီ။
2019-11-05
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာအုပ်စုတွင်း မြန်မာ့သြဘာ မှော်ဘီ စိုက်ပျိုးရေးသွင်းအားစု Hmabi Agricultural Input Complex (HAIC) က စက်ရုံတွေကြောင့် သဘာဝပတ်ဝန်းကျင်၊ လူမှုဝန်းကျင်နဲ့ ကျန်းမာရေးထိခိုက်မှုတွေကို အစိုးရက စစ်ဆေးအရေးယူပေး ဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
2019-11-05
အာဆီယံထိပ်သီးအစည်းအဝေးအတွင်း နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ စတဲ့ထိပ်သီး လေးနိုင်ငံခေါင်းဆောင်တွေနဲ့ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။